ကျွန်မတို့ အများစုဟာ Romantic ဆန်တာနဲ့ ပတ်သက်လာရင် ဟိုလူ့အကြံတောင်းရ၊ ဒီလူ့အကြံတောင်းရတာတော့ ပုံမှန်ပါပဲ။ သင်က ချစ်သူပိုင်ဆိုင်ထားတယ်ဆိုရင် Romantic ဆန်တဲ့ Date Idea တွေကို သိထားတာက မမှားပါဘူး။ ဒီတော့ စိတ်ကူးယဉ်ဆန်တဲ့ ဒိတ်လုပ်နည်းတွေကို ကြည့်လိုက်ရအောင်နော်-
၁။ Candlelight Dinner
ဖယောင်းတိုင်မီးလေးထွန်းပြီး ညစာစားတဲ့ ချစ်သူစုံတွဲတွေကို သင် ဇာတ်လမ်းတွေထဲမှာ မြင်ဖူးမှာပါ။ သင်တို့ စုံတွဲနှစ်ဦးကလည်း ဒီလို ဒိတ်ကို ဖန်တီးနိုင်ပါတယ်။ တစ်ယောက်ယောက်ရဲ့ အိမ်မှာ၊ ဒါမှမဟုတ် ဟိုတယ်မှာ ဒီလိုဒိတ်ကို ဖန်တီးနိုင်ပါတယ်။
၂။ အတူတူ ကြယ်ကြည့်တာ
ကြယ်တွေများတဲ့ ကောင်းကင်အောက်မှာ နှစ်ယောက်အတူတူနေတာက ခံစားမှုအသစ်ကို ပေးနိုင်ပါတယ်။ ကိုယ့်ထက် ကြီးမားတဲ့ ကောင်းကင်ကြီးရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေတာက သင်တို့နှစ်ဦးကို စိတ်ကြည်နူးစေပါလိမ့်မယ်။
၃။ ကခုန်ပါ
နှစ်ယောက်လုံး မကတတ်ရင်တောင် တီးလုံးအတိုင်း စီးမြောလို့ ရပါတယ်။ ဒီလို အတူ ကခုန်တဲ့အချိန်လေးက ပြန်တွေးကြည့်ရင်တောင် ပျော်ဖို့ကောင်းနေပါလိမ့်မယ်။
၄။ Picnic
Picnic ထွက်တာက သင်တို့ နှစ်ဦးရဲ့ စိတ်ကို လန်းဆန်းစေမယ့် အပြင် စိတ်ထွက်ပေါက်ရစေပါလိမ့်မယ်။ သင်က သူနဲ့ Picnic မထွက်ဖူးရင် ဒါက အတွေ့အကြုံသစ်ပါပဲ။
၅။ ပထမဆုံး Date ကို ပြန်ဖန်တီးပါ
သင်နဲ့ သူ ပထမဆုံး ဒိတ်လုပ်ခဲ့တဲ့ နေရာကို နှစ်ယောက်အတူတူ ပြန်သွားပြီး ပြန်ဖန်တီးတာကို လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် သင်က သူ့ကို ခေါ်သွားပြီး Surprise လုပ်နိုင်ပါသေးတယ်။
၆။ Camping ထွက်ပါ
သင်တို့နှစ်ဦးလုံးက သဘာဝကို နှစ်သက်သူတွေဆိုရင် Camping ထွက်တာက အိုင်ဒီယာကောင်းပါပဲ။ ဒီလို နှစ်ယောက်တည်း Camping ထွက်တာက အတွေ့အကြုံသစ်တွေ ပေးပါလိမ့်မယ်။
၇။ Movie Night
ဒါကတော့ စုံတွဲတိုင်း သဘောကျမယ့် ဒိတ်ပုံစံပါ။ သရဲကားကြည့်မယ်ဆိုရင် အချင်းချင်း ပွေ့ဖက်ထားလို့တောင် ရပါတယ်။
Photo Source: Pinterest
By MyStyle Myanmar






