တက်တူးထိုးတဲ့နေရာမှာ စိတ်တူကိုယ်တူရှိပြီး စိတ်အားထက်သန်ကြတဲ့ စုံတွဲများအတွက် ဒီတစ်ခါမှာတော့ ရိုမန့်တစ်ဆန်တဲ့ တက်တူးဒီဇိုင်းများကို ဖော်ပြပေးချင်ပါတယ်။ စုံတွဲရဲ့ချစ်ခြင်းကို တက်တူးထိုးရင်း တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ချစ်ကြောင်း ဖော်ပြလိုက်ပါတယ်။

ချစ်စရာကောင်းတဲ့ ဒိုင်နိုဆောတက်တူး

တက်တူးအသေးစားမျိုးကိုမှ စမ်းထိုးချင်တဲ့ တက်တူးချစ်သူများအတွက် ချစ်စရာကောင်းတဲ့ ဒိုင်နိုဆောတက်တူး တက်တူးအသေးစားလေး ထိုးနိုင်ပါတယ်။

နေမင်းနဲ့ လမင်း

ဒီတက်တူးကတော့ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်အထိ လိုအပ်သလဲဆိုတာ ဖော်ပြပေးနေတဲ့ တက်တူးဖြစ်ပါတယ်။

သရဖူတက်တူး

သရဖူတက်တူးတွေက ယနေ့ခေတ်တွင် တက်တူးထိုးတဲ့ချစ်သူစုံတွဲများအကြား ပေါ်ပြူလာဖြစ်တဲ့ တက်တူးတစ်ခုပဲဖြစ်ပါတယ်။ ကိုယ့်ကောင်မလေးက ကိုယ့်ဘဝအတွက် ဘုရင်မ၊ ကိုယ်က ကိုယ့်ကောင်မလေးအတွက် ဘုရင် ဆိုတဲ့အဓိပ္ပာယ်ရပါတယ်။

Toy Story ထဲက ဂန္တဝင်မြောက်စာသားတက်တူး

ဒီတက်တူးကတော့ တစ်ယောက်နဲ့တစ်ယောက် ကမ္ဘာအဆုံးထိ ချစ်သွားကြမယ်လို့ ရည်ညွှန်းတဲ့တက်တူးပဲ ဖြစ်ပါတယ်။

သော့ခလောက်နှင့် သော့တံတက်တူး

တစ်ယောက်နဲ့နှလုံးသားကို နောက်တစ်ယောက်ကသာ ဖွင့်နိုင်ကြောင်း ဖော်ပြနေတဲ့တက်တူးဖြစ်ပါတယ်။ ရိုမန့်တစ်ဆန်တဲ့တက်တူးတစ်ခုဆိုလည်း မမှားပါဘူး။

အချစ်ငှက်တက်တူး

ငှက်ပုံတက်တူးများသည် များသောအားဖြင့် ချစ်ခြင်းတရားကို ရည်ညွှန်းတဲ့တက်တူးများပဲဖြစ်ပါတယ်။ ထိုအချစ်ငှက်လေးများသည် တေးသီငှက်လေးတွေဖြစ်မယ်ဆိုရင်တော့ ပိုပြီးရိုမန့်တစ်ဆန်တယ်မဟုတ်လား။

Beauty And The Beast

ဒီစုံတွဲကတော့ Disney ကာတွန်းထဲမှာ ပေါ်ပြူလာဖြစ်တဲ့ စုံတွဲပဲဖြစ်ပါတယ်။ စုံတွဲတက်တူးထိုးရင်တော့ အင်မတန်လှပမယ့်အနုပညာတစ်ခု ဖြစ်သွားမှာပါ။

ချစ်စရာပေါင်မုန့်တက်တူး

ချစ်စရာကောင်းတဲ့ တက်တူးမျိုး ထိုးချင်တယ်ဆိုရင်တော့ ချစ်စရာကောင်းတဲ့ မြေပဲထောက်ပတ်ပေါင်မုန့်နှင့် ဂျယ်လီပေါင်မုန့်တက်တူးမျိုး ရေးထိုးနိုင်ပါတယ်။