ရည်းစားဘဝမှာလည်း အမှတ်တရတွေ ရှိသလို၊ Single ဘဝမှာလည်း မေ့မရတဲ့ အတိတ်အမှတ်တရ တွေ ရှိမှာပါ။ သင့်ချစ်သူနဲ့ Relationship မှာ အဆင်မပြေတာတွေ ရှိနိုင်သလို Single ဖြစ်သူတွေမှာလည်း ပြဿနာ ကိုယ်စီ ရှိမှာပါ။ လက်ရှိ ကိုယ်ပိုင်ဆိုင်ထားတဲ့ ဆက်ဆံရေးကိုပဲ တန်ဖိုးထားပြီး အကောင်းဆုံး ရှေ့ဆက်နေသင့်ပါတယ်။

Couple တွေမှာ ကြည်နူးစရာတွေ ရှိသလို Single တွေအနေနဲ့လည်း အဖိုးမဖြတ်နိုင်တဲ့ သူငယ်ချင်းတွေနဲ့ အတူရှိခွင့် ကြည်နူးစရာတွေ ရှိနေပါတယ်။ ကိုယ့်မှာ မရှိတဲ့အရာအတွက် မနာလိုစိတ် မထားဘဲ မုဒိတာပွားမယ်ဆိုရင် အရာရာက လှပနေမှာပါပဲ။ ဒီတစ်ခေါက်မှာတော့ စုံတွဲမရှိသူတွေပါ ကြည့်လိုက်တာနဲ့ ကြည်နူးသွားစေမယ့်၊ ကိုယ်တိုင် ဒီစုံတွဲထဲက တစ်ဦးဖြစ်နေသလို ခံစားသွားရစေမယ့် အသက်ဝင်လွန်းတဲ့ စုံတွဲတွေရဲ့ ပုံရိပ်တွေကို ဖော်ပြပါရစေ။ ဒီပုံရိပ်တွေက ခြောက်သွေ့နေတဲ့ သင့်နှလုံးသားလေးအတွက် အိုအေစစ်ဖြစ်သွားမယ်ဆိုတာ မလွဲမသွေပါပဲ။ ဒီတော့ ကြည့်လ်ိုက်ရအောင်နော်-

အကြိုက်ဆုံး သီချင်းလေးနဲ့ အတူတူ ကခုန်မယ်

စိတ်ညစ်စရာတွေကို ဂရုတစိုက်နားထောင်ပေးမယ့် ချစ်သူ ရထားတာ ကံကောင်းမှု တစ်ခုပါ။

ဟာသတွေ ပြောရင်း ရယ်မောမယ်။

သူ့ကို တီတီတာတာ ချွဲမယ်

ကိုယ့်အတွက် ရည်ရွယ်ထားတဲ့ သီချင်းလေးကို သီဆိုနေတဲ့ သူ့ကို တမေ့တမော ငေးကြည့်မယ်

ယောက်ျားလေးတွေထဲ လူကွယ်ရာရောက်တာနဲ့ ကပ်ချွဲတတ်တဲ့ အဲ့လိုအချွဲလေးတွေလည်း ရှိပါတယ်နော်။

ရင်ခွင်ကျယ်ကြီးထဲ မှေးစက်မယ်

ဟင်းမချက်တတ်ပေမယ့် သူက ချက်တတ်တော့ အိုခေပါတယ်။

ချစ်သူနဲ့ အတင်းတုတ်ရတာလည်း အရသာတစ်ခုနော်။

မင်းက ဘယ်လိုပုံစံဖြစ်နေနေ အမြဲ သဘောကျပါတယ်။

သင်က ချစ်သူပိုင်ဆိုင်ထားသူ တစ်ယောက်ဆိုရင်တော့ ချစ်ရသူ ကောင်လေးကို Mention ခေါ်ဖို့ မမေ့ပါနဲ့နော်။

Photo Source: Pinterest

By MyStyle Myanmar