ပျိုမေတို့အားလုံးပဲ မင်္ဂလာပါနော်။ ချစ်သူရခါစမှာဆိုရင် အရာရာက ပျော်စရာကောင်းပြီး ရိုမန်တစ်ဆန်နေတတ်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ ရိုမန်တစ်ဖြစ်တာလေးတွေ ဖန်တီးဖို့မေ့လာတတ်ကြပါတယ်။ လေ့လာမှုတွေအရ ချစ်သူဘဝမှာ ရိုမန်တစ်ဆန်တာလေးတွေကို အမြဲလုပ်လေ့ရှိတဲ့စုံတွဲတွေဟာ ပျော်ရွှင်သာယာတဲ့ အိမ်ထောင်သည်ဘဝကို ပိုင်ဆိုင်ရလေ့ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့်မို့ သူနဲ့ကိုယ်ကြားမှာ လှပတဲ့အမှတ်တရလေးတွေ ဖန်တီးနိုင်ဖို့အတွက် ချစ်သူနဲ့တူတူလုပ်သင့်တဲ့ ရိုမန်တစ်ဆန်ဆန် Activity လေးတွေကို ပြောပြပေးလိုက်ပါတယ်နော်-

(၁) ပျော်ပွဲစားတူတူထွက်ပါ


နေသာတဲ့နေ့တစ်နေ့မှာ ချစ်သူနဲ့တူတူ ပန်းခြံတစ်ခုခုကို ပျော်ပွဲစားထွက်ကြည့်ပါနော်။ မြက်ခင်းပြင်ပေါ်မှာထိုင်ရင်း မုန့်တူတူစားပြီး စကားပြောတာမျိုးက အရမ်းကို ရိုမန်တစ်ဖြစ်စေမှာပါ။

(၂) နေဝင်ချိန်ကို တူတူကြည့်ပါ


နေဝင်တာကို သေချာမြင်နိုင်တဲ့နေရာ ဒါမှမဟုတ် ဆိုင်တစ်ခုခုကိုရွေးပြီး တဖြည်းဖြည်းနေဝင်သွားတာနဲ့ ကောင်းကင်အရောင်ပြောင်းလာတာကို တူတူကြည့်တာမျိုးကလည်း ချစ်သူနှစ်‌ယောက်ကြားမှာ အမှတ်တရတစ်ခုဖြစ်စေမှာပါ။

(၃) ခရီးတူတူထွက်ပါ


မရောက်ဖူးတဲ့နေရာတွေကို ချစ်သူနဲ့ခရီးတူတူထွက်ပေးတာကလည်း ရိုမန်တစ်ဆန်တဲ့ အမှတ်တရအသစ်တွေကို ဖန်တီးနိုင်မှာပါနော်။

(၄) တစ်‌ယောက်နဲ့တစ်ယောက် အပြန်အလှန်စာရေးပါ


ကိုယ့်ချစ်သူအပေါ်ထားတဲ့ ကိုယ့်ရဲ့ခံစားချက်နဲ့ ဘယ်လောက်ထိချစ်ကြောင်းကို အပြန်အလှန်‌စာရေးပြီး တစ်‌ယောက်နဲ့တစ်‌ယောက် ဖတ်ပြတာမျိုးလေးတွေလည်း လုပ်ကြည့်သင့်ပါတယ်နော်။

(၅) ပထမဆုံးဒိတ်ခဲ့တဲ့နေရာကို ပြန်သွားကြည့်ပါ


ချစ်သူနှစ်‌ယောက်ကြားက ပထမဆုံးဒိတ်ခဲ့တဲ့အမှတ်တရတွေကို ပြန်ဖန်တီးကြည့်ပါ။ First Date လုပ်ခဲ့တဲ့နေရာကို ပြန်သွားပြီး အဲ့ဒီအချိန်က ထိုင်ခဲ့တဲ့နေရာမှာပြန်ထိုင်တာပဲဖြစ်ဖြစ်၊ စားခဲ့တဲ့အစားအသောက်ကို ပြန်ပြီးမှာစားတာဖြစ်ဖြစ် လုပ်ကြည့်ပြီး အရင်တုန်းက အမှတ်တရတွေကို ပြန်လည်ပုံဖော်ကြည့်ပါ။

(၆) မိုးရေထဲမှာ တစ်ခါလောက် အမှတ်တရဖန်တီးကြည့်ပါ


မိုးရွာတဲ့နေ့တစ်နေ့က ချစ်သူနှစ်ဦးအတွက် အမှတ်တရကောင်းတွေအများကြီးကို ဖန်တီးပေးနိုင်ပါတယ်။ မိုးရေထဲမှာ ထီးမပါဘဲ အတူတူလမ်းလျှောက်ကြည့်တာမျိုး၊ တွဲကကြည့်တာမျိုးက ကမ္ဘာပေါ်မှာ ကိုယ့်ချစ်သူနဲ့နှစ်ယောက်ထဲရှိနေသလို မေ့မရနိုင်တဲ့ အမှတ်တရတွေကိုဖန်တီးနိုင်မှာပါ။

Photo Source: Pinterest

By MyStyle Myanmar