ဘောလိဝုဒ်မင်းသမီး Shilpa Shetty ကို ၁၉၇၅ ခုနှစ်မှာမွေးဖွားခဲ့ပြီး အခုဆို အသက် ၄၀ကျော်ရှိပြီဖြစ်ပါတယ်။ ဒါပေမယ့် သူမကိုကြည့်လိုက်ရင် ၁၀ ကျော်သက်လေးလို နုပျိုနေဆဲပါပဲ။ သူမရဲ့ အလှအပဆိုင်ရာ လျှို့ဝှက်ချက်တွေကို ဒီကနေ့ မျှဝေပေးသွားပါမယ်။

၁။ ခါးသွယ်သွယ်လေးဖြစ်စေဖို့ ယောဂကျင့်တယ်

အသက် (၄၀) ကျော်အရွယ် ဘောလိဝုဒ်မင်းသမီး Shilpa Shetty ရဲ့ အလှပလျှို့ဝှက်ချက်

သူမဟာ ယောဂလေ့ကျင့်ခန်းကို အလှပအတွက်ရော ကျန်းမာရေးအတွက်ပါဆော့ကစားလေ့ရှိပါတယ်။ ယောဂလေ့ကျင့်ခန်းဟာ စိတ်ကို တည်ငြိမ်စေရုံသာမက ခန္ဓာကိုယ်ကိုလည်း လှပစေတယ်လို့ ဆိုပါတယ်။ သူမရဲ့ ခန္ဓာကိုယ်အချိုးအစားဟာလည်း ဒီယောဂလေ့ကျင့်ခန်းကြောင့် လှနေတာပါတဲ့။

၂။ လှပတဲ့ အသားအရေနဲ့ ဆံကေသာအတွက်

-မနက်အိပ်ယာနိုးရင် ရေနွေးအရင် မျက်နှာကိုသစ်လိုက်ပြီး မျက်နှာသစ်ဆပ်ပြာလိမ်းကာ ရေအေးအေးနဲ့ ပြန်ဆေးချပါတယ်တဲ့။ အဲဒီလိုလုပ်တာဟာ ချွေးပေါက်တွေကို သန့်စင်ပေးတယ်လို့ဆိုပါတယ်။ ပြီးရင်တော့ Moisturizer လိမ်းပေးထားပါတယ်တဲ့။

-ညအိပ်ယာဝင်ခါနီးရင်တော့ သံလွင်ဆီ၊ Baby Oil နဲ့ Bio Oil တစ်ခုခုကို လိမ်းပြီး မျက်နှာကို အရင်သန့်စင်ပါတယ်။ ပြီးရင်တော့ တဘက်တစ်ထည်ကို ရေနွေးနဲ့စိမ်ပြီး ပြန်ညှစ်ထုတ်ကာ မျက်နှာကို ပြန်သုတ်ပေးပါတယ်။

-အသားအရေလှပနေစေပြီး ရေဓာတ်ပြည့်ဝနေစေဖို့ တစ်နေ့ကို ရေ ၁၀ ခွက်သောက်ပါတယ်။

-သူမက spa သွားရတာလည်းကြိုက်ပါတယ်တဲ့။ ပင်ပန်းနွမ်းနယ်မှုပျောက်ဖို့အတွက် Spa လည်းသွားလေ့ရှိပါတ်။

-ဆံကေသာလှဖို့အတွက် ဘယ်တော့မှ အပူပေးစက်တွေသုံးလေ့မရှိပါဘူးတဲ့။ ဆံပင်အခြောက်ခံဖို့ လေမှုတ်စက်ကိုလည်း အပူချိန်လျှော့ပြီးသုံးလေ့ရှိတယ်လို့ဆိုပါတယ်။

၃။ ကျန်းမာလှပစေဖို့ အာဟာရပြည့်ပြည့်ဝဝစားပေးတယ်

Shilpa Shetty ဟာ ကျန်းမာလှပစေဖို့ အာဟာရဓာတ်ညီညွှတ်မျှတအောင်စားပါတယ်တဲ့။ သူမဟာထမင်း၊ ပါစတာ၊ ပေါင်မုန့်၊ စတာတွေကိုလည်း အထိုက်အလျောက်စားပါတယ်တဲ့။ ဟင်းတွေကိုတော့ သံလွင်ဆီ တို့လို အသီးအရွက်က ရတဲ့အဆီနဲ့ ချက်ပြုတ်လေ့ရှိပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးတိုင်း Protein Shake တစ်ခွက် အမြဲသောက်လေ့ရှိပါတယ်တဲ့။

၄။ ကိုယ်ဝန်ဆောင် ကလေးမွေးပြီး တက်လာတဲ့ဝိတ်ကိုလည်း ချခဲ့ပါတယ်

၂၀၁၂ ခုနှစ်က သားလေး Viaan ကိုမွေးဖွားခဲ့ပြီး ပေါင် ၈၀ လောက်တက်လာခဲ့တာကြောင့် ပြန်ပြီး ဝိတ်ချခဲ့တယ်လို့ဆိုပါတယ်။ သိပ်မမြင့်တဲ့တောင်ကို ဖြည်းဖြည်းတက်တာ၊ ကြိုးဖြည်းဖြည်းခုန်တာမျိုးကို တစ်နေ့ နာရီဝက်လောက်လုပ်ပေးပါတယ်တဲ့။ ဖြည်းဖြည်းချင် လေ့ကျင့်ခန်းကို လုပ်ယူခဲ့ပါတယ်။ တစ်နှစ်လောက်ကျတော့ ဝိတ်ကျသွားခဲ့ပါတယ်။