မျက်နှာ၊ လည်ပင်းနဲ့ မျက်လုံးအောက်က အမည်းစက်တွေကြောင့် စိတ်ညစ်နေလား ? ဒါပေမယ့် စိတ်မပူပါနဲ့။ ပါဝင်ပစ္စည်းအများကြီးမလိုဘဲ နှစ်မျိုးတည်းရှိရုံနဲ့တင် ဒီလို မလိုချင်တဲ့အမဲစက်တွေကို ဖယ်ရှားနိုင်တဲ့ အိမ်တွင်းကုထုံးနည်းလမ်းတွေ ရှိပါတယ်။

ကုလားပဲမှုန့် နဲ့ နို့

မနက်ပိုင်း ပန်းကန်လုံးတစ်လုံးထဲမှာ ကုလားပဲမှုန့် နှစ်ဇွန်းကို နို့နည်းနည်းထည့်ပြီး ပျစ်နေအောင်မွှေပြီး နာရီနည်းနည်းကြာအောင် စိမ်ထားလိုက်ပါ။ ညကျမှ စိမ်ထားတာကို လည်ပင်း၊ မျက်လုံးအောက်၊ တံတောင်ဆစ်နဲ့ ဒူးခေါင်းစတဲ့ အမည်းစက်ရှိတဲ့နေရာတွေကို အညီအမျှ လိမ်းပေးပါ။ ခြောက်သွားတဲ့အထိ အနည်းဆုံး 15 မိနစ်လောက်ထားပြီးမှ ရေဆေးချပါ။

သံပုရာနဲ့ ဒိန်ချဉ်

ဇလုံတစ်ခုထဲမှာ သံပုရာရည် 1 ဇွန်းကို ဒိန်ချဉ် 2 ဇွန်းနဲ့ ရောမွှေပါ။ မျက်နှာပေါ်မှာလိမ်းပြီး မိနစ် 30 လောက်ထားပြီးမှ ရေနဲ့ဆေးချပါ။ Hydrating Cream နဲ့ Sunscreen လိမ်းဖို့တော့ မမေ့ပါနဲ့။

နို့ နဲ့ ပျားရည်

ဇလုံတစ်ခုထဲ ပျားရည် ၁ ဇွန်းနဲ့ နွားနို့ထည့်ပြီး မွှေပေးပါ။ သမအောင်မွှေပြီး မျက်နှာကို လိမ်းပေးပါ။ အနည်းဆုံး မိနစ် 20 လောက်ထားပြီး ရေနဲ့ဆေးချလိုက်ပါ။ ညမအိပ်ခင် နေ့တိုင်းလုပ်ပေးပါ။

နနွင်းမှုန့်၊ ပျားရည်၊ သံပုရာ

နနွင်းမှုန့်၊ ပျားရည်၊ သံပုရာရည်တို့ကို ပျစ်ပျစ်လေးဖြစ်အောင် သေချာမွှေပေးပါ။ မျက်နှာပေါ် လိမ်းပြီး မိနစ် 20 လောက်ထားပါ။ ပြီးမှ ရေနဲ့ဆေးချလိုက်ပါ။ တစ်ပတ်လျှင် နှစ်ကြိမ် လိမ်းပေးပါ။