ဆားဝက်ခြံရယ်ရှိနေပြီဆိုရင် လက်ကိုကအငြိမ်မနေနိုင်ဘဲ သွားသွားဆော့နေမိလို့ ဆားဝက်ခြံပိုပိုပြီး များလာပါသလား။ အဲဒီလို ဆားဝက်ခြံကို ထုတ်တိုင်း နာလွန်းတယ်လို့ ခံစားနေရတယ်မလား။ ဒါဆိုရင်တော့ ဒီနည်းလမ်းလေးကို သုံးကြည့်ဖို့အကြံပြုချင်ပါတယ်။

Vaseline အဆီကို စာဖတ်သူတို့သိကြမယ်ထင်ပါတယ်။ Beauty Product ဆိုင်တွေမှာ ရရှိနိုင်ပြီး ဘက်စုံအသုံးဝင်ပါတယ်။ အဲဒါလေးနဲ့ နာကျင်မှုမရှိဘဲ ဆားဝက်ခြံကို ဖယ်ရှားလိုက်ရအောင်နော်

ပါဝင်ပစ္စည်း

  • ပလတ်စတစ်အသန့် ၁ ခု
  • သစ်ရှုးစက္ကူ
  • အဝတ်စ အသေး ၂ ခု
  • Vaseline

ဘယ်လိုသုံးမလဲ

အရင်ဆုံး မျက်နှာသစ်လိုက်ပါ။ ပြီးရင် Vaseline ကို ဆားဝက်ခြံရှိတဲ့နေရာမှာ လိမ်းပေးပါ။

ပြီးရင် ပလတ်စတစ်ကို စောစောက Vaseline လိမ်းထားတဲ့နားမှာ အုပ်ပေးပါ။ အဝတ်စကို ရေနွေးစိမ်ပြီး ရေကိုညှစ်ထုတ်လိုက်ပါ။ ပြီးရင် ပလတ်စတစ်အုပ်ထားတဲ့နားမှာ ၅ မိနစ်လောက် အုပ်ထားပေးပါ။

ပြီးရင် ပလတ်စတစ်နဲ့ အဝတ်စနှစ်ခုကို ဖယ်လိုက်ပြီး တစ်ရှုးစနှစ်ခုနဲ့ ဖိကာ လက်ညိုးနှစ်ခုနဲ့ ဖိပြီးညှစ်ပေးပါ။ ဆားဝက်ခြံ အလွယ်တကူ ထွက်သွားမှာဖြစ်ပါတယ်။ အိပ်ယာမဝင်ခင်မှာလုပ်ပေးပါ။ အညစ်အကြေးတွေ ကင်းစင်သွားမှာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ချွေးပေါက်တွေပြန်ပိတ်ဖို့ ရေခဲရေ (သို့) ရေအေးအေးလေးနဲ့ ဆေးချပါ။ မျက်နှာသစ်ပါ။ ပြီးရင်တော့ Moisturiser တစ်ခုခုလိမ်းလိုက်ပါ။