ကြက်ဆူဆီဟာ ဆံကေသာအတွက်ရော၊ ဆံပင်အတွက်ပါ ကောင်းမွန်တဲ့ အဆီတစ်မျိုးဖြစ်ပါတယ်။ အသားအရေကိုလည်း အားပြည့်စေသလို ဆံကေသာကိုလည်း သန်စွမ်းစေပါတယ်။

ကြက်ဆူဆီဟာ ဆံကေသာအတွက်သာမက မျက်ခုံးမွှေးနဲ့ မျက်တောင်မွှေးတွေကိုလည်း ထူလာစေပါတယ်။ ဝယ်ယူတဲ့အခါမှာလည်း သဘာဝ Organic နဲ့ စိုက်ပျိုးထုတ်လုပ်ထားတဲ့ ကြက်ဥဆီကို ဝယ်ယူပြီး အသုံးပြုစေချင်ပါတယ်။

မျက်ခုံးနဲ့ မျက်တောင်မွှေးအတွက်

အထူးသတိထားရမှာက မျက်လုံးထဲကိုကြက်ဆူ ဆီမဝင်အောင်သတိထားရပါမယ်။ ဒါ့ကြောင့် ကြက်ဆူဆီကို မျက်တောင်မွှေးကော့တံ ဘူးအလွတ်ထဲ ထည့်ထားလိုက်ပြီး အဲဒီမျက်တောင်ကော့တံ Brush နဲ့ မျက်ခုံးမွှေးနဲ့ မျက်တောင်မွှေးတွေမှာလိမ်းပေးလိုက်ပါ။ ပြီးမှ ညအိပ်ယာဝင်ပါ။

ဆံကေသာအတွက်

ကြက်ဆူဆီနည်းနည်းကို ဦးရေပြားမှာ သေချာလေး ပွတ်လိမ်းပေးလိုက်ပါ။ ပုံမှန်လေးလိမ်းပေးခြင်းဖြင့် ဆံကေသာကို ပိုပြီး သန်စွမ်းလာစေမှာ ဖြစ်ပါတယ်။