မင်္ဂလာပါနော်။ နွေရာသီဟာ ခရီးသွားလို့အဆင်ပြေတဲ့ ရာသီတစ်ခုဖြစ်သလို မြန်မာနိုင်ငံရဲ့ အထင်ကရ သင်္ကြန်ပွဲတော်ကာလလည်းဖြစ်ပါတယ်။

နွေရာသီမှာ အပြင်သွားကြမယ့်သူတွေ၊ ခရီးသွားကြမယ့်သူတွေ၊ အထူးသဖြင့် သင်္ကြန်လည်မယ့်သူတွေအတွက် နေလောင်ဒဏ်ဟာ ရှောင်လွှဲလို့မရပါဘူး။

ဒါ့ကြောင့် ဘယ်လိုကြိုတင်ကာကွယ်ရမလဲ။ တကယ်လို့ နေလောင်သွားရင်ကော ဘယ်လိုကုသရမလဲဆိုတာ မျှဝေပေးသွားမှာပါ။

နေရောင်ခြည်မှာပါတဲ့ UV ဓာတ်တွေဟာ သင့်အသားအရေကို ညိုမည်းပျက်စီးစေရုံတင်မကပါဘူး။ အရေပြားကင်ဆာတွေအထိပါ ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့်အလှအပတစ်ခုတည်းအတွက်သာမက ကျန်းမာရေးအတွက်ပါ သိပ်ကိုအရေးကြီးပါတယ်။

ကြိုတင်ကာကွယ်ခြင်း

အကာအကွယ်ယူပါ

နေလောင်ဒဏ်ကနေ ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ နေကာမျက်မှန်တပ်တာ၊ ဦးထုပ်ဆောင်းတာ၊ အင်္ကျ ီလက်ရှည်ဝတ်တာတွေပါပဲ။ ဒါ့အပြင် SPF အနည်းဆုံး ၃၀ နဲ့ အထက်ပါတဲ့ Body Lotion တွေ၊ Sunblock တွေကို သုံးပေးသင့်ပါတယ်။ အပြင်မထွက်ခင် နာရီဝက်အလိုမှာ Sunblock လိမ်းပေးပါ။ ရေဆော့မယ်ဆိုရင် ၂ နာရီခြားတစ်ခါ လိမ်းပေးသင့်ပါတယ်။

ရေဓာတ်ဖြည့်ပါ

နေလောင်ဒဏ်ဖြစ်ရတဲ့အကြောင်းရင်းတစ်ခုကတော့ ရေဓာတ်ခမ်းခြောက်တာပါပဲ။ ဒါ့ကြောင့် ရေဓာတ်ဖြည့်တင်းဖို့မမေ့ပါနဲ့။ ရေများများသောက်ပါ။ အသီးအနှံ့လည်းများများစားပါ။

ဘယ်လိုကုသမလဲ

အသားအရေက နေလောင်ခံရပြီဆိုရင်တော့ ဒီနည်းလမ်းလေးတွေကိုလိုက်နာပါ။

၁။ ရေအေးအေးနဲ့ရေချိုးပါ

အရေးကြီးဆုံးက ရေအေးအေးလေးနဲ့လောင်းပြီး ရေချိုးလိုက်ပါ။ ဒါဟာ နေလောင်ဒဏ်ကို သက်သာစေတဲ့ နည်းလမ်းတွေထဲက တစ်ခုပါပဲ။ တဘက်ကို ရေအေးအေးနဲ့ စိမ်ပြီးရေညစ်ကာ နေလောင်ထားတဲ့နေရာမှာ ညင်သာစွာ ဖိပေးနိုင်ပါတယ်။

၂။ Body Lotion လိမ်းပါ

နွေရာသီ နေပူပူမှာ နေလာင်ဒဏ်က ကာကွယ်ဖို့နဲ့ နေလာင်ဒဏ်ကို ကုသနိုင်ဖို့ နည်းလမ်းကောင်းလေးတွေ

နေလောင်ထားတဲ့အသားအရေကိုရော ခန္ဓာကိုယ်တစ်ခုလုံးကိုပါ Body Lotion လိမ်းပေးလိုက်ပါ။ အသားအရေ မညီတာတွေသက်သာစေဖို့ အခုလို လိမ်းပေးပြီး အင်္ကျ ီလက်ရှည် ဘောင်းဘီအရှည်ဝတ်ပေးထားပါ။

၃။ ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်ဟာ နေလောင်ထားတဲ့ အသားအရေအတွက်သိပ်ကိုကောင်းပါတယ်။ ရှားစောင်းလက်ပပ် Allergy ရှိရင်တော့ ပျားရည်သုံးပါ။

နေလောင်ထားတဲ့နေရာမှာလိမ်းပေးလိုက်ပါ။ ပြီးရင် နာရီဝက်လောက်ထားပြီး ရေဆေးချလိုက်ပါ။

၄။ အုန်းဆီ

အုန်းဆီကလည်း Fatty Acid ပါဝင်ပြီး အသားအရေကို ကျန်းမာစေပါတယ်။ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်ပါဝင်လို့ ရောင်ရမ်းမှုကိုသက်သာစေသလို ဘက်တီးရီးယားတွေကို သေစေပါတယ်။

ဒါ့ကြောင့်နေလောင်ထားတဲ့အသားအရေနေရာမှာ လိမ်းပေးလိုက်ပါ။

၅။ လတ်ဆတ်တဲ့နွားနို့

နွားနို့ လတ်လတ်ဆတ်ဆတ်ကို အအေးခံပြီး တဘက်နဲ့ စွတ်လိုက်ပါ။ ပြီးရင် နေလောင်ထားတဲ့နေရာမှာလိမ်းပေးပြီး မိနစ် ၂၀ လောက်ထားကာ ရေဆေးချလိုက်ပါ။

နွားနို့မှာပါတဲ့ အဆီဓာတ်က အသားအရေကို ရေဓာတ်ပြန်လည်ဖြည့်တင်းပေးပြီး နေလောင်ဒဏ်ကိုသက်သာစေမှာပါ။