အားလုံးပဲမင်္ဂလာပါနော်။ ကျန်းမာပြီး ထူတဲ့ဆံကေသာကို လူတိုင်းပိုင်ဆိုင်ချင်ကြပါတယ်။ ယောကျ်ားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ဆံပင်ကျွတ်တဲ့ ပြဿနာကို ရင်ဆိုင်ကြရပါတယ်။ ဆံပင်ကျွတ်တာကို သက်သာစေပြီး သဘာဝအတိုင်း ဆံကေသာကို ထူစေမယ့်အပြင် ရှည်လျားစေမယ့် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။

၁။ သံလွင်ဆီနဲ့ပေါင်းတင်ပါ

ခေါင်းမလျှော်ခင် သံလွင်ဆီလေး ရွှဲနေအောင်လိမ်းပေးထားပြီး ခေါင်းလျှော်ပါ။ နေ့စဉ်ပုံမှန်လုပ်ပေးပါ။ တစ်ကြိမ် နှစ်ကြိမ်ပဲလုပ်လို့ကတော့ သက်သာမှာမဟုတ်ပါဘူး။

၂။ ကြက်သွန်နီအရည်

ကြက်သွန်နီကို ကြိတ်လိုက်ပြီး ရလာတဲ့အရည်ကို ဦးရေပြားပေါ်မှာလိမ်းပေးလိုက်ပါ။ အုန်းဆီနဲ့ ရောပြီးလိမ်းရင်လည်းရပါတယ်။ ပြီးရင် မိနစ် ၂၀ လောက်ထားပြီးခေါင်းလျှော်ချလိုက်ပါ။

၃။ ကြက်ဥအနှစ်

ကြက်ဥအနှစ်ကလည်း ဆံကေသာကို ထူစေပြီး သန်စွမ်းစေပါတယ်။ ကြက်ဥအနှစ်ကို သံလွင်ဆီနဲ့ရောပြီး လိမ်းပေးလို့လည်းရပါတယ်။ ပြီးရင် နာရီဝက် တစ်နာရီလောက်ထားပြီး ခေါင်းလျှော်ချလိုက်ပါ။

Source: www.blushbabe.com