အမြဲလိုလို ဦးရေပြားယားယံတတ်တဲ့သူတွေအတွက် ဦးရေပြားယားယံတာ သက်သာစေမယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။ ဦးရေပြားယားတာ ခေါင်းလျှော်လည်း မသက်သာပါဘူး။ ခေါင်းလျှော်ပြီးလည်း တစ်ချိန်လုံးကို ယားနေတာမျိုးပါ။ ယားလို့ကုတ်လိုက်ရင် ပိုပြီးယားလာတာမျိုးတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတိုင်းမထားပဲ သက်သာပျောက်ကင်းအောင် လုပ်ဖို့လိုပါတယ်။

Tea Tree Oil

Tea Tree Oil – ၅ စက်၊ ၁၀ စက်လောက်ကို ဦးရေပြားပေါ် တိုက်ရိုက်လိမ်းပေးပြီး လက်ချောင်းလေးတွေနဲ့ ဦးရေပြားကို နှိပ်နယ်ပေးပါ။ ပြီးရင်တစ်ညထားပြီး မနက်ရောက်မှ ခေါင်းလျှော်ပေးပါ။ တစ်ပတ်မှာ တစ်ကြိမ် (သို့) ၂ ကြိမ် ပုံမှန်လုပ်ပေးရင် ဦးရေပြားယားယံတာ သက်သာပျောက်ကင်းစေပါတယ်။

သံပယိုရည်

သံပယိုရည် – စားပွဲတင်ဇွန်း ၃ ဇွန်းနဲ့ ရေ – ခွက်တစ်ဝက်စာတို့ကို ရောမွှေပြီး ဂွမ်းလုံးလေးနဲ့ တို့ယူကာ ဦးရေပြားကို ပွတ်ပေးပါ။ ၁၀ မိနစ်လောက်ထားပြီးမှ ခေါင်းလျှော်ပေးပါ။ ဒီနည်းလမ်းကို လုပ်မယ်ဆိုရင်တော့ တစ်ပတ်မှာ တစ်ကြိမ်ပဲ လုပ်ပေးပါ။ ဦးရေပြားယားယံတာတွေ သက်သာစေပါတယ်။

ရှားစောင်းလက်ပတ်ဂျယ်လ်

ရှားစောင်းလက်ပတ်အပင်ရဲ့ ဂျယ်လ်အတွင်းသားကိုယူပြီး ဦးရေပြားကို တိုက်ရိုက်ပွတ်လိမ်းပေးပြီး မိနစ် ၂၀ ထားပါ။ အချိန်ပြည့်မှ ရေကြက်သီးနွေးနဲ့ သန့်စင်ပေးပါ။ တစ်ပတ်မှာ တစ်ကြိမ်၊ ၂ ကြိမ် ပုံမှန်လုပ်ပေးမယ်ဆိုရင် ဦးရေပြားယားယံတာ သက်သာပျောက်ကင်းစေပါတယ်။

Peppermint Oil

Peppermint Oil နဲ့ အုန်းဆီကို ရောပြီးတော့ ဦးရေပြားကို ပွတ်လိမ်းကာ လက်ချောင်းလေးတွေနဲ့ Massage လုပ်နှိပ်နယ်ပေးပါ။ မိနစ် ၃၀ ထားပြီးမှ ခေါင်းလျှော်ပေးပါ။ တစ်ပတ်မှာ တစ်ကြိမ်၊ ၂ ကြိမ် ပုံမှန်လုပ်ပေးရုံနဲ့ ဦးရေပြားယားယံတာက သိသိသာသာ သက်သာပြီး ပျောက်သွားမှာပါ။

Apple Cider Vinegar

Apple Cider Vinegar ကို ခွက်ရဲ့ လေးပုံ ပုံ တစ်ပုံစာယူပြီး ရေတစ်ခွက်နဲ့ ရောမွှေပေးပါ။ ပြီးရင် အဲ့တာကို ဦးရေပြားအနှံ့ သေချာလိမ်းပေးပြီး ၁၀ မိနစ်ထားပေးပါ။ အချိန်ပြည့်မှ ခေါင်းလျှော်ပေးပါ။ ဒီနည်းလမ်းကို လုပ်မယ်ဆိုရင်တော့ နှစ်ပတ်မှာတစ်ကြိမ်ပဲ လုပ်ပေးပါ။