သင်က အသက်အရွယ်ရလာတဲ့အချိန်ထိ စိုပြေနူးညံ့တဲ့ အသားအရေကို ပိုင်ဆိုင်ချင်သူတစ်ယောက်ဆိုရင်တော့ နေရာမှန်ကို ရောက်လာပါပြီ။ အသက်အရွယ်ရလာတာနဲ့အမျှ ကိုယ့်အလှအပကို ထိန်းသိမ်းထားချင်တာက ပျိုမေတိုင်းရဲ့ ဆန္ဒပါပဲ။ အခုပြောပြမယ့် နည်းလမ်းတွေက အရွယ်တင်ချင်သူပျိုမေတို့အတွက် ကျင့်သုံးရမှာ မခက်ခဲသလို တကယ်လည်း အသုံးဝင်မှာမို့ ဆက်ကြည့်လိုက်ပါနော်-

၁။ အသီးအရွက်ကို အရောင်စုံလင်အောင်စားသုံးပါ


အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေမှာ အက်တီအောက်ဆီးဒင့် ကြွယ်ဝစွာပါဝင်ပါတယ်။ များများစားလေ အသားအရေပိုစိုပြေလေပါပဲ။ အရောင်တောက်တဲ့ အသီးအနှံတွေက သင့်အသားအရေအတွက် ပိုကောငး်ပါတယ်။

၂။ နေ့တိုင်း Sunscreen လိမ်းပါ။ မကြာခဏ ပြန်လိမ်းပေးပါ

Photo Source: Pinterest
နေလောင်ကာခရင်ကို မနက်မိုးလင်းတာနဲ့ လိမ်းပေးသင့်ပါတယ်။ သင်က အပြင်ထွက်နေရသူဆိုရင်တော့ နာရီခြားပြီး ခဏခဏ လိမ်းပေးသင့်ပါတယ်။

၃။ အရေပြားကျွမ်းကျင်ပညာရှင်နဲ့ အမြဲ ပြသပါ


ကျွမ်းကျင်တဲ့ အရေပြားပညာရှင်တစ်ယောက်က သင့်အသားအရေအတွက် ဘာလိုအပ်လဲ သဘောပေါက်ကြပါတယ်။ သူနဲ့ လိုအပ်တဲ့ ဂရုစိုက်နည်းကို အမြဲတိုင်ပင်နိုင်ပါတယ်။

၄။ တစ်ပတ်မှာ တစ်ခါ ငါးပါဝင်အောင် စားပေးပါ

fish-vitamin-d
မက်ကရယ်ငါး၊ ဆယ်လ်မွန်ငါး စတဲ့ ငါးတွေကို ပါဝင်အောင် စားပေးသင့်ပါတယ်။ သင်က ငါးမစားနိုင်ဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်တဲ့ ဆေးဝါး သောက်သုံးသင့်ပါတယ်။

၅။ နေရောင်ထဲ ထွက်တိုင်း နေကာမျက်မှန်ဝတ်ပါ


သင်က အပြင်ထွက်လေ သင့်မျက်လုံးအောက်မှာ အရေးကြောင်းပေါ်လေပါပဲ။ ဦးထုပ်ဆောင်းတာ၊ နေကာမျက်မှန်တပ်တာက နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။

၆။ တစ်နေ့မှာ Green Tea တစ်ခွက်ပုံမှန်သောက်ပေးပါ


Green Tea က အရေပြားကင်ဆာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ တစ်နေ့မှာ Green Tea နှစ်ခွက်လောက် သောက်ပေးသင့်ပါတယ်။

၇။ သကြားမစားပါနဲ့

Photo Source: Pinterest
အချိုဓာတ်က အရေပြားအတွက် အိပ်မက်ဆိုးပါပဲ။ အသားအရေတွဲကျစေပြီး အမည်းစက်တွေ ဖြစ်ပေါ်စေပါတယ်။ သင်က အရွယ်တင်နုပျိုချင်တယ် ဆိုရင် အချိုဖြတ်သင့်ပါတယ်။

Source: AllWomenstalk.com

By MyStyle Myanmar