အသက်တွေကြီးသွားပေမယ့် တစ်ယောက်ကိုတစ်ယောက် လက်မလွှတ်ဘဲ ချစ်နေကြတဲ့စုံတွဲတွေကို အားလုံး မြင်ဖူးကြမှာပါ။ မြင်တဲ့သူတိုင်းကို ကြည်နူးစေတဲ့ သူတို့အချစ်က ဘယ်တော့မှ ဟောင်းမသွားဘဲ အမြဲလက်ဆတ်နေတာကို သတိထားမိကြမှာပါ။

အသက်တွေကြီးသွားပေမယ့် တစ်နည်းနည်းနဲ့ သူတို့အချစ်တွေကို ဖော်ပြရင်း အရမ်းချစ်နေကြဆဲပါ။

အချိန်တွေကြာလာလို့ အသစ်က ဟောင်းသွားတဲ့အခါ ၊ အသက်တွေကြီးလာတဲ့အခါ အချစ်တွေမပျက်စီးဘဲ အမြဲပျော်ရွှင်တဲ့ ဆက်ဆံရေးတစ်ခုကို ပိုင်ဆိုင်ချင်ရင်တော ဒီအချက်တွေကို လိုက်နာသင့်ပါတယ်။

အချိန်ပေးပါ

အိမ်ထောင်ကြလို့ သားသမီးတွေရလာတဲ့အခါ ကလေးတွေကိုအချိန်ပေးရင်း တစ်ယောက်ကိုတစ်ယောက် အချိန်ပေးဖို့မေ့နေတတ်ကြပါတယ်။ အချိန်ပေးပါလို့ပြောတဲ့အခါ ထိပ်တန်း စိတ်ကူးယဉ် ချိန်းတွေ့တာမျိုးတွေ မဟုတ်ပါဘူး။ တနင်္ဂနွေ မနက်ခင်း လမ်းလျှောက်တာ၊ ဈေးကိုအတူသွားတာ စတာမျိုးတစ်ယောက်နဲ့တစ်ယောက် ချိတ်ဆက်ဖို့ အချိန်ပေးဖို့က အရမ်းအရေးကြီးပါတယ်။

တစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားပါ


အိမ်ထောင်ကျအချိန်ကြာလာတာနဲ့အမျှ စ်ယောက်ကိုတစ်ယောက် ချစ်ကြောင်း အဆက်မပြတ်ပြောဆိုနေဖို့ ထွေးပွေ့ဖို့က အရေးကြီးပါတယ်။ ဒီလို ပြောလိုက်ရတဲ့ ထွေးပွေ့ထားရတဲ့ အခိုက်အတန့်လေးတွေကြောင့် ငါတို့က ချစ်နေတုန်းပဲ၊ ငါ့အတွက်တော့ ဒီလူက အထူးခြားဆုံးပဲ ဆိုတာ အမြဲသတိရနေမှာပါ။

ဝေမျှပါ


လိုအပ်တဲ့အချိန် ရှိနေပေးပါ

အလုပ်မှာပဲဖြစ်ဖြစ် မိသားစု သူငယ်ချင်း မိတ်ဆွေ ဆက်ဆံရေးတိုင်းမှာ အတက်အကျ အများကြီးပါရှိတယ်ကိုယ့်ရဲ့လက်တွဲဖော်က ကိုယ့်ကို လိုအပ်တဲ့အချိန်မှာ သူ့ဘေးနားမှာရှိနိုင်ဖို့အတွက် အာရုံခံနိုင်စွမ်းရှိဖို့တော့ လိုအပ်ပါတယ်။

အရာရာတိုင်းကို ချိန်ညှိပါ

မတူညီတဲ့မိဘ ပတ်ဝန်းကျင်မွေးဖွားလာတဲ့ လူတစ်ယောက်နဲ့တစ်ယောက် စရိုက်လက္ခဏာနဲ့ အပြုအမူတွေ ခံယူချက်တွေက တူချင်မှတူမှာပါ။ ဒါပေမယ့် တစ်ယာက်ရဲ့လိုအပ်ချက် လိုအင်ဆန္ဒတွေကို လျစ်လျူမရှုဘဲ အကောင်းဆုံးအဖြေတစ်ခုရအောင် ချိန်ညှိယူဖို့ လိုအပ်ပါတယ်။