တချို့ Relationship ပြဿနာတွေကျတော့ ခဏခဏ ဒီအကြောင်းအရာတွေပဲ ထပ်တလဲလဲဖြစ်နေတာဆိုတော့ ငြီးငွေ့စရာကောင်းလာနိုင်ပါတယ်။ ဖြေရှင်းလွယ်တဲ့ Relationship ပြဿနာတွေလည်း ရှိပေမယ့် ဒီလို Relationship ပြဿနာတွေကျတော့ အချိန်ကြာလေ နှစ်ဖက်လုံးအတွက် Toxic ဖြစ်ပြီး စိတ်ညစ်စရာ၊ ငြီးငွေ့စရာတွေ ဖြစ်လာမှာပါ။

နားလည်မှုမရှိခြင်း

နားလည်မှုမရှိတာကတော့ အဆိုးဆုံးပါပဲ။ နားလည်မှုမရှိတဲ့ Relationship က ရေရှည်မှာ လုံးဝအဆင်မပြေနိုင်ပါဘူး။ နားလည်မှုမရှိတဲ့ Relationship မှာ ပြဿနာ အဖြစ်အများဆုံးပါပဲ။ သေးသေးလေးကအစ ပြဿနာလုပ်ပြီး တစ်နေ့တစ်နေ့ ဒါတွေပဲ ဖြေရှင်းနေရမှာဖြစ်တဲ့အတွက် နှစ်ယောက်လုံး ပင်ပန်းပါတယ်။

ယုံကြည်မှုမရှိခြင်း

ကိုယ်ရွေးချယ်ထားတဲ့ ကိုယ့်ချစ်သူအပေါ်မှာ ယုံကြည်မှုမရှိရင် ကိုယ်တိုင်ပဲ စိတ်ပင်ပန်းရပါတယ်။ ကိုယ့်ရဲ့သံသယတွေ၊ မယုံကြည်စိတ်တွေနဲ့ ကိုယ်ပဲစိတ်ဆင်းရဲရသလို တစ်ဖက်လူကလည်း စိတ်ညစ်ရပါတယ်။ နှစ်ယောက်စလုံးအတွက် မကောင်းသလို ကြာလာရင်လည်း ဒီမယုံကြည်မှုကြောင့်ဖြစ်လာတဲ့ ပြဿနာတွေကြောင့် ငြီးငွေ့လာပါလိမ့်မယ်။

ဘာမဟုတ်တာလေးကအစရန်ဖြစ်စကားများခြင်း

ဘာမဟုတ်တဲ့ အသေးအမွှားလေးတွေကအစ လိုက်ပြောပြီး ပြဿနာရှာနေမယ်၊ အရေးမကြီးတာလေးတွေနဲ့ ခဏခဏ ရန်ဖြစ်စကားများနေရမယ်ဆိုရင် စိတ်ပျက်လာတာ၊ ငြီးငွေ့ပြီး စိတ်ကုန်လာတာတွေ ဖြစ်လာပါလိမ့်မယ်။

အတ္တကြီးခြင်း

Relationship တစ်ခုမှာ အတ္တကြီးနေရင်လည်း အဆင်မပြေပါဘူး။ တစ်ဖက်လူရဲ့ ခံစားချက်ကိုလည်း အမြဲထည့်တွေးပေးဖို့ လိုပါတယ်။ အဲ့လိုမဟုတ်ပဲ ကိုယ်ဖြစ်ချင်တာပဲသိတယ်၊ ကိုယ့်စိတ်တိုင်းကျဖြစ်မလာရင် ကိုယ်ပြောသလိုမရရင်၊ ကိုယ့်စိတ်ကြိုက်မနေပေးရင် စိတ်ဆိုးတာ၊ ပြဿနာရှာတာမျိုးတွေ မလုပ်သင့်ပါဘူး။

အလိမ်အညာတွေပဲများနေခြင်း

တစ်ဖက်လူက လိမ်ညာနေတာတွေကို တစ်ခါတစ်လေပဲ ခွင့်လွှင့်ပေးမှာပါ။ ခဏခဏဖြစ်နေတာဆိုရင် စိတ်ပျက်လာမှာပါပဲ။ ကိုယ့်ကိုချစ်လွန်းလို့ ခွင့်လွှင့်ပေးနေရင်တောင်မှ အတိုင်းအတာတစ်ခုအထိပဲ ဖြစ်မှာပါ။ ရေရှည်မှာတော့ အဆင်မပြေနိုင်ပါဘူး။