ဆံပင်ကျွတ်ခြင်းဟာ နေ့စဉ်ဘဝမှာ လူတိုင်းနီးပါး ကြုံတွေ့ရတဲ့ သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါပဲ။ ဒါပေမဲ့ စိတ်ဖိစီးမှုများခြင်း၊ သောက်သုံးနေရသော ဆေးဝါးများကြောင့်သော်လည်းကောင်း၊ ကိုယ်အလေးချိန် အတက်အကျကြောင့်သော်လည်းကောင်း ဆံပင်အလွန်အကျွံကျွတ်ပြီး ထိပ်ပြောင်ခြင်း၊ ထိပ်ကွက်ခြင်းတို့ကို ခံစားရပါတယ်။

အသက်သုံးဆယ်ကျော်လာတဲ့အခါ ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်းကို သိသိသာသာ ခံစားရတတ်ပါတယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့။ အခုဖော်ပြပေးမယ့် နည်းလမ်းကောင်းများကို လိုက်နာကျင့်သုံးခြင်းအားဖြင့် ဆံပင်ပြန်ပေါက်လာမှာဖြစ်ပြီး ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်းတို့ကို ထာဝစဉ်နှုတ်ဆက်လိုက်လို့ရပါပြီ။

ဆံပင်သန်စေတဲ့ အစားအစာများ စားသုံးပါ

ကျန်းမာရေးနဲ့ မညီညွှတ်တဲ့အစားအစာများကြောင့်လည်း ဆံပင်အကျွတ်များစေပါတယ်။ ဒါ့ကြောင့် သင့်ရဲ့စားသောက်မှုနည်းစနစ်ကို ပြောင်းလဲဖို့လိုပါတယ်။

ကင်ချီထဲမှာ ဆံပင်ကျွတ်ခြင်းမှ ကာကွယ်ပေးတဲ့ ပရိုဘိုင်အိုတစ်များ ပါဝင်ပြီး ကြက်ဥထဲမှာကတော့ ဆံပင်သန်စေတဲ့ ပရိုတင်းဓာတ်နှင့် ဘိုင်အိုတင်ဓာတ်များ ပါဝင်ပါတယ်။ ဟင်းနုနွယ်ကတော့ ဆံပင်ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဖောလိတ်ဓာတ်၊ သံဓာတ်၊ ဗီတာမင်ဓာတ်များ ပါဝင်ပြီး ဆော်လမွန်ငါးနှင့် အခြားဖက်တိအက်ဆစ်ဓာတ်ပါဝင်တဲ့ ငါးများကလည်း ဆံကေသာ သန်စွမ်းဖို့ ကူညီပေးနိုင်ပါတယ်။ ထောပတ်သီးနှင့် ပရိုတင်းဓာတ် ကြွယ်ဝသော အသားများကိုလည်း စားသုံးသင့်ပါတယ်။

ကြက်သွန်နီအရည်

ကြက်သွန်နီအရည်ရဲ့အနံ့ကတော့ ပြင်းပေမယ့်လည်း ထိပ်ပြောင်ခြင်း၊ ထိပ်ကွက်ခြင်းအတွက်တော့ ကြက်သွန်ဖြူအရည်က အစွမ်းအထက်ဆုံးပါပဲ။ ကြက်သွန်နီကို အရည်ထွက်လာသည်အထိ ပြုလုပ်ပြီးနောက် ဦးရေပြားအနံ့ သုတ်လိမ်းပေးလိုက်ရုံပါပဲ။

Green Tea အသုံးပြုပါ

အုန်းဆီထဲတွင် Green Tea ထည့်ပြီး နှပ်ထားကာ ထိုအုန်းဆီဖြင့် ဆံကေသာကို သုတ်လိမ်းပေးခြင်း (သို့) Green Tea ဓာတ်ပါဝင်သော ဖြည့်စွက်စာများ၊ အားဆေးများ သောက်သုံးခြင်းက ဆံပင်ပြန်ပေါက်အောင် ကူညီပေးနိုင်တယ်လို့ လေ့လာချက်များအရ သိရှိရပါတယ်။

ဆံပင်စိုနေစဉ်မှာ ခေါင်းဖြီးခြင်းကို ရှောင်ကြဉ်ပါ

ဆံပင်စိုနေစဉ်မှာ ခေါင်းဖြီးခြင်းကြောင့် ဆံကေသာပျက်စီးပြီး ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် ခေါင်းဖြီးမယ်ဆိုရင် ဆံပင်ခြောက်တဲ့အချိန်အထိ စောင့်သင့်ပြီး ဘီးစိပ်ဖြင့် မဟုတ်ဘဲ ဘီးအကျဲဖြင့်သာ ညင်ညင်သာသာ ဖြီးသင့်ပါတယ်။

ဂျင်းဖြင့် ပေါင်းတင်ပါ

ဂျင်းထဲမှာလည်း ဆံပင်သန်စေတဲ့ Antioxidants များ ပါဝင်ပါတယ်။ ဂျင်းကို အရည်ထွက်လာအောင် ညှစ်ပြီးနောက် အုန်းဆီ (သို့) သံလွင်ဆီဖြင့် ရောနှောကာ ဆံကေသာနှင့် ဦးရေပြားတစ်လျှောက် သုတ်လိမ်းပေးလိုက်ပါ။ ထို့နောက် Shower Cap ဖြင့် ခေါင်းကို အုပ်ထားကာ မိနစ် ၃၀ ခန့် စောင့်ပါ။ မိနစ် ၃၀ ပြည့်မှ ခေါင်းလျှော်ချလိုက်ပါ။

ဒီနည်းလမ်းများကတော့ သင် ကြုံတွေ့နေရတဲ့ ဆံပင်ကျွတ်ခြင်းပြဿနာကို အထိရောက်ဆုံးနဲ့ အမြန်ဆုံး ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။

Source: Brightside.me