ဆံပင်ကျွတ်တာ၊ ဆံသားပျက်ဆီးတာ၊ ဆံပင်ဖွာတာတွေက နေ့စဉ်လိုလို လူအများအားဖြင့် ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုပါ။

ကြက်ဆူဆီမှာ ပရိုတင်းဓါတ် သတ္တုဓါတ် Amino အက်ဆစ်၊ Omega ဖက်တီးအက်တစ်နဲ့ ဗီတာမင် E စတဲ့ဓါတ်တွေပါဝင်လို့ ဆံကေသာကို သန်စွမ်း တောက်ပြောင်စေပါတယ်။ဘက်တီးရီးယားနဲ့ မှိုတို့ကိုလည်း တိုက်ဖျက်နိုင်လို့ ဆံကေသာအလှအတွက် အသုံးပြုဖို့ အကြံပြုလိုပါတယ်။

ကြက်ဆူဆီကို ညအိပ်ယာမဝင်ခင် ဦးရေပြားပေါ်မှာ လိမ်းပေးပြီး သေချာနှိပ်နယ်ပေးပါ။ ပြီးရင်တစ်ညလုံးထားပါ။

ကြက်ဆူဆီဟာ ဆံကေသာကို အဟာရဓါတ်ပေးစွမ်းပြီး ဆံသားခြောက်သွေ့တာ ဦးရေပြားခြောက်သွေ့တာတွေကို အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဆံသားကို ပိုပြီးထူလာစေပါတယ်။ အဲဒီအတွက် ပုံမှန်အသုံးပြုပေးဖို့တော့လိုပါတယ်။

မနက်မိုးလင်လာပြီဆိုရင် ရေချိုးခေါင်းလျှော်ပေးရမှာပါ။ ခေါင်းလျှော်ပြီးရင်လည်း ပေါင်းဆေးသုံးပေးပါ။ ဆံသားပျက်ဆီးတာတွေကို ကူညီပေးရုံသာမက ဆံပင်ကိုလည်း အရှည်မြန်စေမှာဖြစ်ပါတယ်။

အသုံးပြုပုံ

ကြက်ဆူဆီကို ဦးရေပြားပေါ်လိမ်းပေးပါ။ တစ်ညလုံးထားပါ။ မနက်မိုးလင်းရင် ခေါင်းလျှော်ချပေးပါ။ ပေါင်းဆေးသုံးပါ။ ပုံမှန်လုပ်ပေးပါ။