၂၀၁၄ ခုနှစ်ကတည်းက ပွဲဦးထွက်ခဲ့တဲ့ Red Velvet အဖွဲ့ကိုတော့ Kpop ပရိသတ်တော်တော်များများ သိကြမယ်ထင်ပါတယ်နော်။ အဖွဲ့ဝင် Wendy ဟာဆိုရင် အဖွဲ့ရဲ့ Main Vocal နေရာကိုတာဝန်ယူထားပြီး နာမည်ကြီးဇာတ်လမ်းတွေရဲ့ ဇာတ်ဝင်တေးအေးအေးလေးတွေမှာလည်း ပါဝင်သီဆိုလေ့ရှိသလို လတ်တလောမှာ တစ်ကိုယ်တော် Album တစ်ခုကိုပါ ထွက်ရှိထားပြီဖြစ်တဲ့ အရည်အချင်းရှိ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။
ကိုးရီးယားနာမည် Son Seung-Wan ဖြစ်ပြီး ၁၉၉၄ ခုနှစ်မှာမွေးဖွားခဲ့တာကြောင့် အသက် ၂၈ နှစ်ရှိပါပြီ။ ငယ်စဉ်က Wendy Shon ဆိုတဲ့နာမည်နဲ့ နိုင်ငံခြားမှာနေထိုင်ခဲ့ဖူးပြီး English နဲ့ Korean အပြင် ဘာသာစကားလေးမျိုးအထိ ပြောတတ်သူတစ်ယောက်လည်းဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ဂီတပိုင်းကိုစိတ်ဝင်စားခဲ့ပြီး Piano ၊ ဂီတာ၊ Flute နဲ့ Saxophone စတဲ့တူရိယာတွေကိုပါ တီးနိုင်တယ်လို့ ဆိုပါတယ်။
Wendy ဟာ သူမရဲ့ သီချင်းတိုင်းကို နားထောင်ပြီးရင်းနားထောင်ချင်လောက်အောင် ခံစားချက်ပါပါ စွဲငင်သီဆိုနိုင်တဲ့ အသံပါဝါကြောင့် ပရိသတ်အခိုင်အမာရထားသူဖြစ်ပြီး လက်ရှိမှာ အဆိုတော်အပြင် အသံသရုပ်ဆောင်နဲ့ Radio အစီအစဉ်တင်ဆက်သူအနေနဲ့ပါလုပ်ကိုင်နေတာပဲဖြစ်ပါတယ်။
အရပ် ၅ ပေ ၃ ရှိပြီး သူ့ရဲ့အနေတော်အရပ်လေးနဲ့လိုက်ဖက်အောင် ရှင်းရှင်းလေးနဲ့ချစ်စရာကောင်းတဲ့ Fashion လေးတွေကို ဝတ်တတ်သူတစ်ယောက်ဆိုရင်လည်းမမှားပါဘူး။ သူမရဲ့ Radio Host အလုပ်ကိုရောက်တဲ့အချိန်တိုင်းမှာလည်း ပရိသတ်တွေဆီအရင်သွားကာ နှုတ်ဆက်တတ်တဲ့အကျင့်ရှိတာကြောင့် သူမပရိသတ်တွေရိုက်ကူးထားတဲ့ Wendy ရဲ့အလုပ်သွားချိန် ဝတ်လေ့ရှိတဲ့ ပေါ့ပေါ့ပါးပါး Outfit လေးတွေကို ဖော်ပြပေးချင်ပါတယ်။ အပြင်သွား၊ ရုံးသွားအတွက် ခေတ်ဆန်ပြီး ချစ်စရာကောင်းတဲ့ OOTD Fashion လေးတွေကို သိချင်ကြတဲ့သူတွေအတွက် Wendy ရဲ့ဖက်ရှင်လေးတွေက အထောက်အကူဖြစ်စေမှာပါနော်။ ဒီတော့ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်ပါ။
Photo Source: Pinterest
By MyStyle Myanmar