မိန်းကလေးအရမ်းဆန်တဲ့ Girly Type Fashion တွေကို မကြိုက်တဲ့သူတွေအတွက် Red Velvet အဖွဲ့ဝင် Seulgi ရဲ့ အထာကျကျ Fashion တွေကို မျှဝေပေးလိုက်ပါတယ်။

T Shirt အပွတွေကို Pant အရှည်အပွတွေနဲ့တွဲဝတ်ပြီး Sneakers စီးတာမျိုးက အရမ်းပေါ့ပါးတဲ့ Freestyle မျိုးပါ။ Girly Type မကြိုက်တဲ့သူအများစုက ဒီလိုမျိုးဝတ်ရတာကို အကြိုက်ဆုံးပါပဲ။

Seulgi ဝတ်ထားသလို T Shirt လေးကို Jean Pant ထဲထည့်ဝတ်တာမျိုးကလည်း ရိုးရှင်းပြီး Style ကျတဲ့ Fashion မျိုးဖြစ်ပါတယ်။

Seulgi ဝတ်ထားတဲ့ ဒီ Fashion လေးဆို အရမ်းမိုက်ပါတယ်။ ဆောင်းရာသီမှာ ရှိုးထုတ်လို့ကောင်းမယ့် Fashion မျိုးလည်းဖြစ်တာကြောင့် Try ကြည့်သင့်ပါတယ်။

Girly Type Fashion မျိုးဝတ်ရတာ မကြိုက်တဲ့သူတွေက ဆောင်းတွင်းမှာ အေးတဲ့နေရာဒေသတစ်ခုကို ခရီးထွက်ရင် Seulgi ရဲ့ ဒီ Fashion Outfit မျိုးကို ဝတ်ကြည့်သင့်ပါတယ်။ အရမ်းမိုက်ပြီး အထာကျနေမှာ သေချာပါတယ်။

Seulgi ဝတ်ထားသလို Hoodie နဲ့ Jean အပွလေးတွေကို တွဲဝတ်တာက ပေါ့ပါးမှုရှိစေတဲ့ Fashion မျိုးဖြစ်ပြီး ထသွားထလာအတွက်လည်း အဆင်ပြေပါတယ်။ အထူးသဖြင့်တော့ ဆောင်းတွင်းနဲ့ပိုသင့်တော်မှာပါ။

Seulgi ရဲ့ ဒီ Fashion ဆိုရင် ဆွယ်တာအပွနဲ့ Long Pant ကို တွဲဝတ်ပြီး ဦးထုပ်ဆောင်းထားတာ အရမ်းမိုက်ပါတယ်။ Girly Type Fashion မကြိုက်တဲ့သူတွေက ဒီ Fashion လေးကိုတော့ ကြွေမယ်လို့ ထင်ပါတယ်။

Seulgi ရဲ့ ဒီ Fashion ဆိုလည်း အရမ်းမိုက်ပါတယ်။ ထသွားထလာအတွက် ရိုးရိုးရှင်းရှင်းနဲ့ Fashion ကျပြီး မိုက်နေစေမယ့် ပုံစံလေးပါ။

သူများနဲ့မတူတဲ့ Fashion မျိုးကိုကြိုက်ရင် အနီနဲ့အနက်ကိုတွဲဖက်ပြီး ဒီလိုအထာကျကျလေး ဝတ်ကြည့်ပါ။ အရမ်းမိုက်ပါတယ်။

Seulgi ရဲ့ ဒီ Fashion လေးကျတော့ မိန်းကလေးလည်း အရမ်းမဆန်သလို၊ Boy Type မျိုးလည်း မဟုတ်ပါဘူး။ ကျော့ရှင်းပြီးမိုက်နေတဲ့ပုံစံမျိုးလေး ဖြစ်ပါတယ်။

Seulgi ရဲ့ ဒီ Fashion ဆိုရင် ဘောင်းဘီအပွကို Shirt အင်္ကျီအပွနဲ့ တွဲဝတ်ပြီး မျက်မှန်တပ်ထားတာ အရမ်းမိုက်ပါတယ်။ လုံးဝကိုပေါ့ပါးနေမယ့် Style မျိုးပါ။

Seulgi ရဲ့ ဒီ Fashion ကတော့ အကုန်အဖြူလေးတွေချည်းပဲမို့ ကြည့်လိုက်တာနဲ့ သန့်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။

Girly Type Fashion မကြိုက်တဲ့သူတွေက Coat တွေ Jacket တွေဝတ်ရတာကို ကြိုက်ကြမှာပါ။ ဒါကြောင့် ဒီမှာ Seulgi ဝတ်ထားသလိုမျိုးလေးလည်း ဝတ်လို့ရပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ Style ကျနေစေပါတယ်။

Photo source:www.pinterest.com