မင်္ဂလာပါ ပျိုမေတို့ရေ။ အခု‌နောက်ပိုင်း ခေတ်ရေစီးကြောင်းအရ ရိုးရှင်းပြီး စတိုင်ကျတဲ့ Minimalist ဖက်ရှင်တွေက တဖြည်းဖြည်း Trend ဖြစ်လာပါတယ်နော်။ Minimalist ဖက်ရှင်ကတော့ အဝတ်အစားအတွဲအဖက် အနည်းဆုံး အရောင်အတွဲအစပ် အရိုးရှင်းဆုံးနဲ့ Accessories ကိုလည်း တတ်နိုင်သမျှ လျှော့ကာ စမတ်ကျကျဝတ်ဆင်တဲ့ ဖက်ရှင်မျိုးပါ။

Minimalist ဖက်ရှင်ကို ဝတ်ဆင်ခြင်းက ပျိူမေတို့ရဲ့ ကိုယ်ပိုင်စတိုင်နဲ့ စိတ်နေစိတ်ထားကို ကောင်းကောင်းဖော်ပြနိုင်ရုံတင်မက ပိုပြီးတော့လည်း ထူးခြားစေပါတယ်။ ဒီလိုမျိုး ရိုးရှင်းတဲ့ ဖက်ရှင်မျိုးကိုမှ နှစ်သက်ကြတဲ့ Kpop Idol တွေထဲမှာ Red Velvet အဖွဲ့ဝင် Seulgi လည်း အပါအဝင်ပါပဲ။

Seulgi ဟာ သူမရဲ့ လှပကျစ်လစ်တဲ့ ခန္ဓာကိုယ်နဲ့ သက်တောင့်သက်သာရှိပြီး တစ်မူထူးတဲ့ဖက်ရှင်အမြင်ကြောင့် နာမည်ကြီး Brand တွေရဲ့ Brand Ambassador တစ်ယောက်ဖြစ်တဲ့အပြင် သူမရဲ့ နူးညံ့ပြီးစိတ်ကူးယဉ်ဆန်တဲ့ ဓာတ်ပုံတွေကြောင့် Instagram မှာ Followers များစွာ ပိုင်ဆိုင်ထားသူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။


ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ ပေါ့ပေါ့ပါးပါးနဲ့ မိန်းကလေးအရမ်းမဆန်တဲ့ Casual Look ကိုနှစ်သက်တဲ့ ပျိုမေတို့ လိုက်ဝတ်နိုင်မယ့် Seulgi ဝတ်ဆင်လေ့ရှိတဲ့ ရိုးရှင်းလှပပြီး အထာကျတဲ့ Minimalist ဖက်ရှင်တွေကို ဖော်ပြပေးလိုက်‌ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် ကြည့်လိုက်ရအောင်နော်-

Photo Source: Pinterest

By MyStyle Myanmar