တချို့မိန်းကလေးတွေက လက်သည်းပုံဖော်ရတာထက် ခြေသည်းပုံဖော်ရတာကို ပိုသဘောကျကြပါတယ်။ တချို့ကျတော့လည်း လက်သည်းကော ခြေသည်းကော ပုံဖော်ရတာကို သဘောကျကြပါတယ်။ အခုကလည်း ဒီဇင်ဘာလဆိုတော့ Christmas နဲ့ပက်သက်တာလေးတွေ ပုံဖော်လို့ အကောင်းဆုံးပါပဲ။ ဒါကြောင့် Christmas အချိန်အခါနဲ့လိုက်ဖက်တဲ့ အနီရောင်ခြေသည်းနီဒီဇိုင်းတွေကို မျှဝေပေးလိုက်ပါတယ်။

ခြေသည်းနီကိုအနီရောင်ဆိုးထားပြီး ခြေမတစ်ချောင်းထဲကိုပဲ ပုံဖော်ထားတာဖြစ်လို့ ရှင်းရှင်းလေးနဲ့ အရမ်းလှပါတယ်။ ပုံဖော်ထားတာကလည်း အကွက်လေးဖြစ်တာကြောင့် လူကြီးလူငယ် အားလုံးနဲ့ လိုက်ဖက်ပါတယ်။

ဒါကျတော့ အားလုံးကိုအနီရောင်ဆိုးပြီး ခြေညှိုးတစ်ချောင်းထဲကိုပဲ အသည်းပုံလေး ပုံဖော်ထားတာဖြစ်လို့ ရိုးရိုးရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။ ဒီခြေသည်းဒီဇိုင်းလေးဆိုရင် အိမ်မှာတောင် ကိုယ်တိုင်ပုံဖော်လို့ရပါသေးတယ်။

ဒီခြေသည်းဒီဇိုင်းလေးကျတော့ ခြေမကို အနီရောင်မဆိုးတော့ပဲ တခြားအရောင်လေးနဲ့ ပုံဖော်ထားတာဖြစ်လို့ ခြေထောက်ပိုပေါ်စေပါတယ်။ ပုံဖော်ထားတဲ့ဒီဇိုင်းကလည်း Christmas နဲ့ အရမ်းလိုက်ပါတယ်။

Mickey Mouse ကြိုက်တဲ့သူတွေအတွက်တော့ အနီရောင်လေးဆိုးပြီး ဒီခြေသည်းဒီဇိုင်းလေး ပုံဖော်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။

ဒီခြေသည်းဒီဇိုင်းလေးဆိုရင် အနီရောင်ဆိုးပြီး ရွှေရောင်အစင်းလေးနဲ့ ကျောက်ကပ်ပြီး ပုံဖော်ထားတာ အရမ်းလှပါတယ်။ လူကြီးလူငယ် အားလုံးနဲ့လိုက်ဖက်တဲ့ ဒီဇိုင်းလေးလည်းဖြစ်သလို Christmas နဲ့လည်း အရမ်းလိုက်ဖက်ပါတယ်။

ဒီခြေသည်းဒီဇိုင်းလေးကတော့ လူကြီးတွေပိုပြီး သဘောကျမှာပါ။ ခြေထောက်ကို အနီရောင်ဆိုးပြီး ဒီလိုလေးပုံဖော်ရင် ကြည့်လိုက်တာနဲ့ထင်းပြီး အရမ်းလှပါတယ်။

ကျောက်ကပ်ရတာကြိုက်ရင် ဒီခြေသည်းဒီဇိုင်းလေးလည်း လှပါတယ်။ Fancy ဆန်ဆန်နဲ့ လှတဲ့ပုံစံလေးပါ။

ဒီခြေသည်းဒီဇိုင်းဆိုရင် LV ကို ပုံဖော်ထားတာ အထာကျပြီး အရမ်းမိုက်ပါတယ်။ အနီနဲ့ရွှေရောင်ကို သုံးထားတာဖြစ်လို့ Christmas နဲ့လည်း အရမ်းလိုက်ပါတယ်။

ဒီခြေသည်းဒီဇိုင်းကတော့ လူငယ်ကောင်မလေးတွေ ပိုပြီးသဘောကျမယ့် ခြေသည်းဒီဇိုင်းလေး ဖြစ်မှာပါ။

ဒီခြေသည်းဒီဇိုင်းကျတော့ ခြေမမှာ ပန်းပွင့်ပုံကို ပုံဖော်ထာတာ ဒီဇိုင်းဆန်းပြီး ချစ်ဖို့ကောင်းပါတယ်။ ဒါလည်း လူငယ်ကောင်မလေးတွေနဲ့ ပိုပြီးလိုက်ဖက်တဲ့ ဒီဇိုင်းလေးဖြစ်မှာပါ။

Photo source:www.pinterest.com