ခြေသည်းနီအရောင်ဆိုးမယ်ဆိုရင် ဘယ်လိုအသားအရောင်မျိုးနဲ့မဆို၊ ဘယ်လိုအသက်အရွယ်မျိုးနဲ့မဆို လိုက်ဖက်တာက အနီရောင်ပါပဲ။ မိန်းကလေးတိုင်းနဲ့ အလိုက်ဖက်ဆုံး အရောင်လို့လည်း ပြောလို့ရပါတယ်။ ဒါကြောင့် ခြေသည်းကို အနီရောင်ဆိုးပြီး ပုံဖော်လို့ရမယ့် ဒီဇိုင်းလှလှလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
ဒီခြေသည်းဒီဇိုင်းလေးဆိုရင် အနီရောင်အရင့်မှာ ပန်းပွင့်ပုံလေး ပုံဖော်ထားတာ အရမ်းလှပါတယ်။ ဒီဇိုင်းက မြင်နေကျနဲ့မတူပဲ ကွဲထွက်ပြီးလှတာကြောင့် မိန်းကလေးတိုင်း၊ အသက်အရွယ်တိုင်းနဲ့ လိုက်ဖက်ပါတယ်။
ခုနကဒီဇိုင်းမျိုးမကြိုက်ရင် ဒီခြေသည်းဒီဇိုင်းလေးကို ရွေးချယ်ပါ။ ဒါလည်း လူကြီးလူငယ် အားလုံးနဲ့လိုက်ဖက်ပြီး ရှင်းရှင်းလေးနဲ့ အရမ်းလှပါတယ်။
ဒီခြေသည်းဒီဇိုင်းလေးကျတော့ နည်းနည်းလူငယ်ဆန်ပြီးလှတဲ့ ဒီဇိုင်းမျိုးဖြစ်ပါတယ်။
ဒီခြေသည်းဒီဇိုင်းလေးဆိုရင် အိမ်မှာတောင် ကိုယ်တိုင်ပုံဖော်လို့ရပါသေးတယ်။ အကွက်ဒီဇိုင်းကြိုက်ရင် ဒါမျိုးလေးတွေ ပုံဖော်ကြည့်ပါ။
Fancy ဆန်ပြီးလှတဲ့ ခြေသည်းဒီဇိုင်းလေးဖြစ်ပါတယ်။ အနီကိုမှ ပုပ်တဲ့အရောင်ဘက်သွားတာမျိုးနဲ့ဆို ပိုပြီးလှပါတယ်။
နောက်ထပ်ပန်းပွင့်ဒီဇိုင်းလေးပါ။ အရမ်းလှသလို ချစ်ဖို့လည်းကောင်းတဲ့ ဒီဇိုင်းလေးဖြစ်ပါတယ်။
ဒီခြေသည်းဒီဇိုင်းလေးကတော့ စတော်ဘယ်ရီပုံလေး ပုံဖော်ထားတာ လူငယ်ဆန်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။
အနီကို အရောင်တစ်မျိုးထဲမဆိုးပဲ ဒီလိုလေး နှစ်ရောင်ဆိုးတာက တစ်မျိုးလေးဆန်းပြီး လှပါတယ်။ ဒီဇိုင်းကလည်း ရှင်းရှင်းလေးဖြစ်လို့ လူငယ်ကောင်မလေးတွေနဲ့ ပိုပြီးလိုက်ဖက်ပါတယ်။
Micky mouse ကြိုက်ရင်တော့ ဘာမှမစဉ်းစားပဲ ဒီခြေသည်းဒီဇိုင်းလေးကိုသာ ပုံဖော်လိုက်ပါ။ အနီရောင်အရင့်မှာ ပုံဖော်ထားတာဖြစ်လို့ ပိုပြီးလှပါတယ်။
ကြည့်လိုက်တာနဲ့ ထင်းနေတာမျိုးလေး ကြိုက်တယ်ဆိုရင်တော့ ဒီခြေသည်းဒီဇိုင်းလေးကိုသာ ရွေးချယ်ပါ။ အနီကို အရောင်တောက်တောက်လေး ဆိုးပါ။ အရမ်းလှပြီး ချစ်ဖို့လည်းကောင်းပါတယ်။ လူငယ်ကောင်မလေးတွေနဲ့ဆို ပိုပြီးလိုက်မှာပါ။
Photo source:www.pinterest.com