ဆွဲဆောင်မှုရှိပြီးလှတဲ့ red lip makeup look အလွယ်ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။ ပါတီပွဲတွေသွားစရာရှိတဲ့အခါမှာဆို ဒီ makeup look လေး အရမ်းလည်း ပြင်ဆင်ထားတာမျိုး မဖြစ်ပဲ ဆွဲဆောင်မှုရှိပြီး လှနေမှာပါ။

အရင်ဆုံး foundation or cushion လိမ်းပေးပါ။ ဒီမှာတော့ cushion လိမ်းထားပါတယ်။

ပြီးရင် powder ကို brush နဲ့ယူပြီး လိမ်းပေးပါ။

အရေးအကြီးဆုံးဖြစ်တဲ့ မျက်ခုံးမွှေးဆွဲပါမယ်။

Eyeshadow စခြယ်ဖို့အတွက် အသားရောင် eyeshadow ကို မျက်ခွံမှာခြယ်ပါမယ်။

ခုနကခြယ်ထားတဲ့ အသားရောင်ထက် နည်းနည်းလေးပိုရင့်တဲ့ အရောင်ကို ခြယ်ပါမယ်။

အညိုဘက်သွားတဲ့ အရောင်အရင့်ကို eyeliner ဆွဲသလိုလေး မျက်ခွံမှာခြယ်ပေးပါ။ မျက်ခွံအပြည့် ခြယ်စရာမလိုပါဘူး။

အညိုဘက်သွားတဲ့ အရောင်အရင့်ကိုပဲ မျက်လုံးအောက်နားလေးမှာ ခြယ်ပေးပါ။

အဖြူရောင် glitter eyeshadow ကို မျက်ခုံးအောက်နားလေးမှာ ခြယ်ပါမယ်။ ဒါမှ လင်းပြီး ပိုလှနေမှာပါ။

မျက်လုံးအောက်အတွင်းသားကို eyeliner အမဲဆိုးပေးပါ။ ဒါမှ မျက်လုံးက နက်ပြီး ဆွဲဆောင်မှုရှိနေမှာပါ။ မျက်လုံးအပေါ်ကိုလည်း အတွင်းသားကနေ ဆိုးပေးပါ။

ပြီးမှ liquid eyeliner နဲ့ ဘေးဘက်ကို wings လေးနည်းနည်းဆွဲပေးပါ။

မျက်လုံးအောက်နားလေးကို glitter eyeshadow အရောင်ဖျော့တာလေး ခြယ်ပေးပါ။

မျက်ရစ်နားအထိလည်း glitter eyeshadow ကို နည်းနည်းထပ်ခြယ်ပေးပါ။

Mascara နဲ့ မျက်တောင်ကော့ပါမယ်။

မေးရိုးနဲ့ပါးရိုး နည်းနည်းချဖို့အတွက် contouring palette အညို (သို့) eyeshadow အညိုကို သုံးပါမယ်။ နှာတံကိုလည်း အဲ့တာနဲ့ပဲဖော်ပါမယ်။

ပါးနီကိုတော့ ပုံမှာပြထားသလို အရောင်စပ်ထားတာလေးကို သုံးပါတယ်။

ရွှေရောင် highlighter ကို နှာတံနဲ့ ပါးရိုးနေရာလေးတွေမှာ ခြယ်ပေးပါ။

နှုတ်ခမ်းနီကိုတော့ အနီရောင်နည်းနည်းပုပ်တာလေး ရွေးဆိုးပါမယ်။ ဒါမှ ပိုပြီးဆွဲဆောင်မှုရှိမှာပါ။

ဒါဆိုရင်တော့ ဆွဲဆောင်မှုရှိပြီးလှတဲ့ red lip makeup look လေးကို ရရှိသွားပါပြီ။