မကြာခင်မှာ Christmas လည်းရောက်တော့မှာဆိုတော့ Christmas နဲ့လိုက်ဖက်တဲ့ အနီရောင်ဖက်ရှင်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ အနီရောင်ကြိုက်တဲ့သူဆိုရင်တော့ Christmas မဟုတ်လည်း အချိန်မရွေး ဝတ်လို့ရတာပေါ့။

တင်းနစ်စကပ်အကွက်လေးကို ဒီလိုဝတ်တာဆိုရင် Christmas နဲ့လည်းလိုက်ဖက်သလို ဆောင်းရာသီအတွက်လည်း အဆင်ပြေတဲ့ ဖက်ရှင်လေးပါ။

ပေါ့ပေါ့ပါးပါးနဲ့ ချစ်ဖို့ကောင်းတဲ့ ဖက်ရှင်လေးပါ။ အနီနဲ့အဖြူကို တွဲဝတ်ထားတာဖြစ်လို့ ထင်းပြီးအရမ်းလိုက်ဖက်ပါတယ်။

Christmas နဲ့အရမ်းလိုက်ဖက်တဲ့ ဖက်ရှင်လေးပါ။ မိန်းကလေးဆန်တဲ့ ဖက်ရှင်လှလှလေးတွေကြိုက်ရင် ဒီလိုလေးဝတ်ကြည့်နော်။

ဂါဝန်အရှည်အနီရောင်လေးကို အဖြူနဲ့တွဲဝတ်ထားတဲ့ ဒီဖက်ရှင်လေးကလည်း အရမ်းလှတယ်နော်။ ထင်းပြီး ချစ်ဖို့လည်းကောင်းပါတယ်။

အနီနဲ့အဖြူက ထင်းပြီးလှသလို အနီနဲ့အနက်ကို တွဲဝတ်တာကလည်း အရမ်းလှပြီး လိုက်ဖက်ပါတယ်။ ပေါ့ပေါ့ပါးပါး ထသွားထလာ ဝတ်ဖို့အတွက်ဆို ဒီလိုလေးဝတ်ကြည့်နော်။

နောက်ထပ် ပေါ့ပေါ့ပါးပါးနဲ့ ထသွားထလာဝတ်လို့ရတဲ့ ဖက်ရှင်လေးပါ။ ချစ်ဖို့လည်းကောင်းပါတယ်။

ဂျင်းအရောင်စိုတာလေးကို အနီရောင်ဆွယ်တာလေးတွေနဲ့ တွဲဝတ်တာမျိုးကလည်း အရမ်းလိုက်ဖက်ပါတယ်။ ဆောင်းရာသီအတွက်ရော Christmas အတွက်ရော ကွက်တိပါပဲ။

Sexy look လေးနဲ့ အရမ်းလှနေစေမယ့် Christmas ဖက်ရှင်လေးပါ။ ဒီလိုလေးလည်း ဝတ်ကြည့်နော်။

အနီနဲ့အနက်ကိုမှ ဒီလိုလေးဝတ်ထားတာက ဆွဲဆောင်မှုရှိပြီး အရမ်းလှပါတယ်။ စကပ်အကြပ်လေးတွေ ဝတ်ရတာကြိုက်ရင် Christmas မှာ ဒီလိုလေးဝတ်ကြည့်ပါ။

ဆောင်းရာသီအတွက် အရမ်းလှပြီး Smart ကျနေစေမယ့် ဖက်ရှင်လေးပါ။ Christmas အတွက်လည်း အဆင်ပြေတယ်နော်။

အရပ်ရှည်တဲ့ကောင်မလေးတွေဆိုရင် ဒီလိုလေးဝတ်ကြည့်ပါ။ Smart ကျပြီးမိုက်သလို လှလည်းလှပါတယ်။

Photo source:www.pinterest.com