မိတ်ဆွေသူငယ်ချင်းတွေ တယောက်ကိုတယောက် အရမ်းချစ်ကြတာသိပါတယ်။ ချစ်လွန်းလို့လည်း အခုလို အလှကုန်ပစ္စည်းတွေကို အတူတူ မျှဝေသုံးစွဲကြတာပေါ့နော်။

ဒါပေမယ့် ချစ်ရာကနေ နစ်တာမဖြစ်စေဖို့ MyStyle Myanmar ကနေ အကြံလေးပေးချင်ပါရဲ့နော်။ ချစ်တဲ့သူတွေနဲ့ အလှကုန်ပစ္စည်းတွေကို သတ်သတ်စီခွဲသုံးသင့်ပါတယ်။

ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားပိုးတွေ ကူးစက်နိုင်တယ်

ခရင်မ်တွေ Moisturizer တွေကို မျှဝေသုံးစွဲကနေတဆင့် ဘက်တီးရီးယားပိုးမွှားတွေ ကူူးစက်နိုင်ပါတယ်။ သူက ဝက်ခြံထွက်တဲ့သူဆိုရင် ကိုယ့်မှာလည်း ဝက်ခြံထွက်လာတာမျိုးဖြစ်နိုင်ပါတယ်။

အသားအရေချင်း မတူညီနိုင်ဘူး

သူအသားအရေနဲ့ ကိုယ့်အသားအရေ ဘယ်တူပါ့မလဲ။ ကိုယ်သုံးတဲ့အရောင်နဲ့ သူနဲ့လည်း ဘယ်အဆင်ပြေပါ့မလဲ။ ကိုယ်ကအသားအခြောက်တဲ့သူဆို ပိုပြီး ရေဓါတ်များတာသုံးရမှာဖြစ်ပါတယ်။

အနာစိမ်းတွေကူးတယ်

နှုတ်ခမ်းနီတောင့်ကိုဖြစ်ဖြစ် နှုတ်ခမ်းနီဆိုးဆေးကိုဖြစ်ဖြစ် မျှဝေသုံးစွဲတာဟာ နှုတ်ခမ်းပေါ်က အနာစိမ်းတွေ ကူးစက်တတ်ပါတယ်။ သူ့နှုတ်ခမ်းမှာ ဘက်တီးရီးယားပိုတွေရှိရင်လည်း ကိုယ့်ကို လာပြီးကူူးစက်တတ်ပါတယ်။ အကောင်းဆုံးကတော့ သီးသန့်ဆီခွဲသုံးတာ အကောင်းဆုံးပါပဲ။

မျက်လုံးကနေ ပိုးတွေဝင်တယ်

Mascara ကော မျှဝေသုံးစွဲနေလား။ လုံးဝမလုပ်ပါနဲ့နော်။ သူ့မျက်လုံးမှာ အနာရှိရင် ကိုယ့်မျက်လုံးကို လာပြီးကူးစက်တတ်ပါတယ်။ မျက်တောင်မွှေးတွေမှာလည်း ဘက်တီးရီးယားတွေရှိလို့ မျက်လုံးကတဆင့် ရောဂါတွေကူးစက်တတ်ပါတယ်။

ဘယ်ပစ္စည်းတွေကို မျှဝေသုံးလို့ရမလဲ

Eye Shadow ကိုတော့ မျှဝေသုံးနိုင်ပါတယ်။ ဥပမာ ကိုယ့်သူငယ်ချင်းက လက်နဲ့ဆိုးမယ် ကိုယ်က Brush ကိုသုံးပြီးဆိုးမယ်ဆိုရင်တော့ အဆင်ပြေပါတယ်။ Brush တွေကိုတော့ မျှပြီးမသုံးပါနဲ့။

မိတ်ကပ် ပစ္စည်းတွေကို မျှဝေသုံးစွဲတာဟာ ပိုးမွှားတွေကို မျှဝေသုံးစွဲတာပါပဲ။

Featured Image Source: Beautylish