အခုတလော ဘာလုပ်လုပ် အားမရှိသလို ခံစားနေရပါသလား။ မနက်ဘက်မှာ အိပ်ရာက မထချင်အောင် နုံးနေသလို ခံစားရတာကနေ တစ်နေ့တာလုပ်ငန်းခွင်မှာ ရွှင်ရွှင်လန်းလန်း မရှိဖြစ်နေတာ အကြောင်းရှိပါတယ်။ ဘယ်လို အကြောင်းအရင်းတွေများ ဖြစ်မလဲ။

(၁) စိတ်ဖိစီးမှုများလွန်းလို့

Photo: ADDitude

စိတ်ပင်ပန်းလွန်းရင် ရုပ်ပိုင်းဆိုင်ရာပါ ထိခိုက်နိုင်ပါတယ်။ စိတ်ထောင်းတော့ ကိုယ်ကြေ ဆိုတဲ့ စကားအတိုင်း စိတ်သောကများလာရင် ခြေလက်မသယ်ချင်အောင် ဖြစ်တဲ့အထိ ပင်ပန်းလာနိုင်ပါတယ်။ စိတ်ဓါတ်ကျခြင်း ၊ သောကများပြီး စိတ်ဖိစီးခြင်းတွေဟာ ကိုယ့်ရဲ့ Energy တွေကို စုပ်ယူသွားတာ ဖြစ်လို့ စိတ်ဓါတ်ကျန်းမာစေဖို့ တရားထိုင်ခြင်း ၊ ယောဂ ကျင့်ခြင်း ၊ စိတ်ပိုင်းဆိုင်ရာ အကြံဉာဏ်နဲ့ ကုထုံးများ ရယူခြင်းတို့ လုပ်သင့်ပါတယ်။

(၂) ကော်ဖီအသောက်များလို့

Photo: Living Magazine

ကော်ဖီသောက်တာ တက်ကြွရွှင်လန်းစေတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် တစ်နေ့မှာ အများဆုံးမှ ၂၀၀ မီလီဂရမ်ထက် မပိုသင့်ဘူးလို့ ဆိုပါတယ်။ အာဟာရပညာရှင် ဂျက်ဆီကာကောဒင်းကတော့ တစ်နေ့ကို ကော်ဖီ ၃၀၀ မီလီဂရမ်ကနေ ၄၀၀ မီလီဂရမ်ထက်ပို သောက်သုံးလာပြီဆိုရင် အိပ်စက်မှုစက်ကွင်း အနှောင့်အယှက်ဖြစ်လာပြီး အားအင်ကုန်ခမ်း ပင်ပန်းတဲ့ ခံစားချက်တွေ ဝင်လာနိုင်တယ်လို့ ပြောပါတယ်။

(၃) အရက်သေစာ သောက်သုံးမှုများလို့

Photo: Freepik

အရက်‌သောက်ခြင်းဟာ အစပိုင်းမှာ အိပ်ပျော်အောင် ကူညီပေးနိုင်တယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် အရက်သောက်သုံးမှု များလာတာနဲ့အမျှ ညဘက်တွေမှာ မျက်စိကြောင်ပြီး အိပ်မပျော်ဖြစ်လာနိုင်ပါတယ်။ အိပ်ရေးပျက်လာတာနဲ့အမျှ စိတ်ပိုင်းပါ ထိခိုက်လာနိုင်ပါတယ်။ အယ်လ်ကိုဟောဟာ ရေငတ်စေတဲ့ ဓါတ်ပါလို့ ပိုပြီး ပင်ပန်းစေနိုင်ပါတယ်။

(၄) အားကစားကို မနားတမ်းလုပ်မိလို့

Photo: AlterG

Gym ကစားရင် သတိထားရမှာက Recovery Time ထားဖို့ ဖြစ်ပါတယ်။ ပုံစံမျိုးစုံနဲ့ အားကစားလုပ်ပြီးနောက် ကြွက်သားတွေ သူ့ဘာသာပြန်ကုစားဖို့နဲ့ ကြွက်သားအဖွဲ့တွေ ဖွဲ့စည်းဖို့ အချိန်ပေးရပါတယ်။ အဲ့လို မဟုတ်ဘဲဆက်တိုက် အားကစားလုပ်နေမိရင် ထိခိုက်ဒဏ်ရာရပြီး လူလည်း နုံးခွေနေတတ်ပါတယ်။

(၅) အစားအသောက်မှာ အာဟာရဓါတ် လိုလို့

Photo: Eat This, Not That

အစားအသောက်ဆိုတာ လူ့ကိုယ်ခန္ဓာအတွက် စွမ်းအင်ဖြစ်ပါတယ်။ ကိုယ့်ရဲ့ နေ့စဉ်အစားအသောက်မှာ ကာဗွန်ဟိုက်ဒရိတ်စားသုံးမှု နည်းရင် ၊ ငါး ၊ ဥအမျိုးမျိုးနဲ့ အစေ့အဆံတွေက ရတဲ့ အဆီဓါတ် လုံလောက်မှု မရှိရင် ၊ သံဓါတ်နည်းပါးရင် ၊ ဗိုက်တာမင်ဒီ ချို့တဲ့နေရင် ပင်ပန်းမှုဒဏ်ကို အလွယ်တကူခံစားရနိုင်ပါတယ်။