“ဆေးလိပ်မသောက်ဘဲနဲ့ ငါ့နှုတ်ခမ်း ဘာလို့ မည်းနေတာလဲ”ဆိုတဲ့ အကြောင်းအရင်းကို သင် အဖြေထုတ်မရ ဖြစ်ဖူးမှာပါ။ အထူးသဖြင့် မိန်းကလေး အများစု အပေါ် နှုတ်ခမ်း မည်းတတ်ကြပါတယ်။ ဘာမှမလိမ်းဘဲ နေတဲ့အခါ နှုတ်ခမ်းမည်းတာက ပိုသိသာပါတယ်။ နှုတ်ခမ်းမည်းရခြင်း အကြောင်းအရင်းတွေကို သိထားရင် သင် ရှောင်စရာ ရှိတာတွေ ရှောင်နိုင်ပါတယ်။ ဒီတော့ ဘာကြောင့်မည်းလဲ အရင်ကြည့်လိုက်ရအောင်-

၁။ နေရောင်ခြည်နဲ့ ထိတာ

မိန်းကလေး အများစုက နေရောင်ကာ ခရင်ကို မျက်နှာမှာ လိမ်းတတ်ပေမယ့် နှုတ်ခမ်းကို လိမ်းဖို့ မေ့တတ်ကြပါတယ်။ သင့်နှုတ်ခမ်းက နေရောင်နဲ့ ထိတာ များတဲ့အခါ မည်းလာတတ်ပါတယ်။ SPF အနည်းဆုံး 30 က စပြီးပါတဲ့ Lip Balm မျိုးကို သုံးပေးသင့်ပါတယ်။

Photo source: Makeup Tutorials

၂။ ရေသောက်နည်းတာ

ရေသောက်နည်းတဲ့အခါ နှုတ်ခမ်းခြောက်လွယ်ပါတယ်။ ရေဓာတ်ခန်းခြောက်ပြီး နှုတ်ခမ်းပိုမည်းလာတတ်ပါတယ်။

၃။ နှုတ်ခမ်းနီ၊ သွားတိုက်ဆေးစတာတွေနဲ့ မတည့်တာ

ကိုယ်သုံးတဲ့ နှုတ်ခမ်းနီနဲ့ ဓာတ်မတည့်တဲ့အခါ၊ သွားတိုက်ဆေးနဲ့ အဆင်မပြေတဲ့အခါ နှုတ်ခမ်းမည်းသွားတတ်ပါတယ်။

၄။ ကဖင်းဓာတ်များတာ

ကဖင်းဓာတ် ပမာဏများစွာ သင့်ခန္ဓာကိုယ်ထဲ ဝင်နေရင်လည်း နှုတ်ခမ်းမည်းနိုင်ပါတယ်။

Photo Source: PMUHub

နှုတ်ခမ်းမည်းရခြင်း အကြောင်းအရင်းတွေကို သိသွားပြီဆိုတော့ ဘယ်လို ပန်းရောင်ပြန်သန်းအောင် လုပ်နိုင်မလဲ ဆက်ကြည့်လိုက်ရအောင်-

၁။ သံပယိုသီး

ညအိပ်ခါနီးတိုင်း သံပယိုသီးကို လှီးကာ နှုတ်ခမ်းမှာ အသာလေး ပွတ်ပေးရပါမယ်။ မနက်နိုးတာနဲ့ ရေနဲ့ ဆေးချနိုင်ပါတယ်။ ရလဒ်ကောင်း ရဖို့အတွက် ညအိပ်ခါနီးတိုင်း လုပ်ပေးရပါမယ်။ သိသာတဲ့ ရလဒ်ရဖို့ ရက် ၃၀ ဝန်းကျင် ကြာနိုင်ပါတယ်။

၂။ သံပယိုသီးနဲ့ သကြား

Photo Source: Medium

သံပယိုသီးခြမ်းကို သကြားထဲ နှစ်ကာ ရလာတဲ့ အရောကို နှုတ်ခမ်းပေါ် ပွတ်ပေးရပါမယ်။ ပြီးနောက် ရေဆေးချပေးရပါမယ်။

၃။ သံပရာသီး

သံပရာရည်၊ ပျားရည် အနည်းငယ်နဲ့ Glycerine ကို ရောကာ နှုတ်ခမ်းမှာ ပွတ်ပေးနိုင်ပါသေးတယ်။ နောက်နေ့ သင့်နှုတ်ခမး်ကို ရေဆေးပေးရပါမယ်။

၄။ နနွင်းမှုန့်

နနွင်းမှုန့်နဲ့ နွားနို့ကို အနှစ်ရအောင် ရောပေးရပါမယ်။ ဒါကို နှုတ်ခမ်းမှာ လိမ်းကာ ၅ မိနစ် ထားပေးရပါမယ်။ ပြီးနောက် ရေဆေးချရပါမယ်။ နှုတ်ခမ်းခြောက်သွားတာနဲ့ အစိုဓာတ် ထိန်းခရင် တစ်မျိုး လိမ်းထားပေးရပါမယ်။

၅။ ရှားစောင်းလတ်ပတ်

ရှားစောင်းလတ်ပတ်ဂျယ်ကို နှုတ်ခမ်းမှာ လိမ်းပေးရပါမယ်။ ခြောက်တာနဲ့ ရေဆေးနိုင်ပါပြီ။

Photo Source: Pinterest

By MyStyle Myanmar