ညဘက်တွေ အိပ်လို့ မပျော်ဘူးလား။ ဘယ်လိုပဲ အိပ်ထားအိပ်ထား အိပ်ရေးမဝသလိုဘဲ အမြဲတမ်းခံစားနေရပါသလား။ ဘာဖြစ်လို့ပါလဲ။ ဒီလို အိပ်ရေးမဝမှုတွေဟာ စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ အိပ်ရေးမဝမှုတွေလား။ ဘာ့ကြောင့် အိပ်ပျက်ညတွေ များနေရတာလဲ။

အလုပ်ရဲ့ဖိအားတွေကြောင့်လား

Photo : Head Topics

တခါတလေ အလုပ်အကိုင်မကောင်းတာ၊ အလုပ်အကိုင် ပျက်တာ၊ အလုပ်ခွင်ထဲ အဆင်မပြေတာနဲ့ ငွေရေးကြေးရေး အဆင်မပြေမှုတွေကြောင့် အိပ်ပျက်ရတာတွေများရတတ်ပါတယ်။

မတော်တဆ ထိခိုက်မှုတွေကြောင့်လား

Photo : Healthgrades

မတော်တဆထိခိုက်မှုတွေ ကြုံရတဲ့အခါမျိုးတွေမှာ ထိခိုက်နာကျင်မှုတွေကို ခံစားရတဲ့အခါမျိုးတွေမှာလည်း အိပ်ရေးပျက်ရမှုတွေ၊ အိပ်ရေးမဝသလို ခံစားရမှုတွေ ဖြစ်ပေါ်ခံစားရတတ်ပါတယ်။

မှတ်ဉာဏ်ပြဿနာတွေကြောင့်လား

Photo : Inspire Family Law

မှတ်ဉာဏ်ပြဿနာတွေကို ရင်ဆိုင်ကြုံတွေ့ရတဲ့အခါတွေမှာလည်း အိပ်ရေးမဝတာတွေ၊ အိပ်ရေးပျက်ရမှုတွေဖြစ်ပေါ် တတ်ပါတယ်။ အသက်အရွယ်က ငယ်ငယ်ရွယ်ရွယ်လေးနဲ့ မကြာခဏ အမေ့သန်နေပြီဆိုရင်တော့ အိပ်ရေးပျက်ညတွေရဲ့ နောက်ဆက်တွဲ ပြဿနာရပ်ကြောင့် ကြုံတွေ့ခံစားနေရတာပဲဖြစ်ပါတယ်။

စိတ်ပျံ့လွင့်နေလို့လား

Photo : KL Blog

စိတ်ပျံ့လွင့်နေရင်လည်း အိပ်ရေးမဝမှုတွေနဲ့ အိပ်ရေးပျက်ရမှုတွေ ကြုံရတတ်ပါတယ်။ ဒီဘက်ခေတ်မှာတော့ လူတွေအများဆုံးဖြစ်ကြတာ အဲဒီစိတ်ပျံ့လွင့်မှုတွေကြောင့်ပဲဖြစ်ပါတယ်။ စိတ်ပျံ့လွင့်မှုတွေ ဖြစ်ပေါ်လာတဲ့အခါမှာ ညဖက်တွေအိပ်မရတော့ပါဘူး။

စိုးရိမ်စိတ်များနေလို့လား

Photo : Money.co.uk

ကိစ္စရပ်တွေအပေါ်မှာ စိုးရိမ်စိတ်တွေများလွန်းတဲ့အခါ အိပ်ရေးပျက်ကြရပါတယ်။ ဒါ့ကြောင့်မို့ အိပ်ယာဝင်ခါနီးချိန်တွေမှာ တတ်နိုင်သမျှ ဘာအကြောင်းအရာကိုမှ မတွေးဘဲ အိပ်ပျော်အောင်သာ အိပ်လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ အိပ်ရေးပျက်သွားရင် နောက်ဆက်တွဲ ထိခိုက်မှုတွေအများကြီး ဖြစ်ပေါ်လာနိုင်လို့ပါပဲ။