ဂျစ်ကန်ကန်နဲ့ ခပ်ဆိုးဆိုးကောင်လေးတွေကို အမျိုးသမီးတွေဘာလို့သဘောကျကြသလဲ။

ရုပ်ရှင်ဇာတ်ကားအများစုမှာ ခပ်ဆိုးဆိးနဲ့ ဂျစ်ကန်ကန်ကောင်လေးနဲ့ ကောင်မလေးအကြောင်း ရိုက်ကူးထးတဲ့ ဇာတ်ကားတွေမှအများကြီးပါ။

တကယ့်လက်တွေ့ဘဝမှာကော ခပ်ဆိုးဆိုးကောင်လေးတွေကို အမျိုးသမီးတွေ ဘာလို့ သဘောကျကြတာလဲ။

မွေးရာပါ ဗီဇကြောင့်

ဘာလို့ ခပ်ဆိုးဆိုးကောင်လေးတွေပဲသဘောကျမိသလဲ ခပ်ဆိုးဆိုးကောင်လေးတွေကပဲ ကိုယ့်ကိုဆွဲဆောင်ထားနိုင်ရတာလဲဆိုပြီး အံ့သြနေမိလား။ ဒါဟာ မွေးရာပါ ဗီဇကြောင့် ခပ်ဆိုးဆိုးကောင်လေးတွေကို သဘောကျနေတာပါတဲ့။

သူ့ကိုပြောင်းလဲနိုင်မယ်လို့ ယူဆလို့

ခပ်ဆိုးဆိုးကောင်လေးတွေကို အမျိုးသမီးတွေ သဘောကျရတဲ့ အဓိကအချက်ကတော့ ငါဟာသူ့ကိုပြောင်းလဲပစ်နိုင်တယ်လို့ ယူဆလို့ပါပဲ။ သူ့ရဲ့ အကျင့်စရိုက်တွေကို သင်ကပြင်နိုင်တယ်ဆိုတဲ့အတွေးက သူ့ကိုချစ်မိသွားစေပါတယ်။ ဒါပေမဲ့ အမျိုးသားတွေဟာ သူတို့ကို ပြုပြင်ပြောင်းလဲချင်တဲ့ မိန်းကလေးတွေကို အကြာကြီးလက်တွဲမသွားချင်ကြပါဘူး။ မှန်လားရှင့်။

နာကျင်ရမှာကြောက်လို့

အမျိုးသားတွေကိုချစ်မိသွားတဲ့မိန်းကလေးအများစုက ဘာလို့ခပ်ဆိုးဆိုးကောင်လေးတွေကိုပဲ သဘာကျကြသလဲဆိုရင် နာကျင်ရမှာကြောက်လို့ပါ။ ကိုယ်ယုံကြည်ထားတဲ့သူက ကိုယ့်ကိုသစ္စာဖောက်သွားမှာကို မကြိုက်လို့ပါပဲ။ ခပ်ဆိုးဆိုးကောင်လေးတွေကိုကျတော့ သူတို့က ခပ်ဆိုးဆိုးဖြစ်တယ်ဆိုတာကို လက်ခံထားတဲ့အတွက် အစကတည်းကခံစားချက်ကို ထိန်းချုပ်ထားနိုင်ကြပါတယ်တဲ့။

သူ့ရဲ့ယုံကြည်မှုအပြည့်ရှိတဲ့ စတိုင်လ်

ခပ်ဆိုးဆိုးကောင်လေးတွေက သူတို့ကိုယ်သူတို့ ယုံကြည်မှုအပြည့်ရှိကြပါတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်ရှိတာဟာ တပါးသူကို စိတ်ဝင်စားလာအောင် စွဲဆောင်နိုင်ပါတယ်တဲ့။ ပြီးတော့ ပိုပြီးလည်း ကြည့်ကောင်းစေပါတယ်။ သူ့ကိုယ်သူယုံကြည်မှုအပြည့်ဖြစ်နေတဲ့ ပုံစံလေးက သင့်ကိုစွဲဆောင်ထားနိုင်လို့ပါ။

ခပ်ဆိုးဆိုးကောင်လေးအများစုက သင့်ကိုသဘောကျကြလို့

ကိုယ်ကသဘောမကျပေမဲ့ တခါတလေကိုယ့်ကိုသဘောလာကျတဲ့ ကောင်လေးတွေက ခပ်ဆိုးဆိုးဖြစ်နေတတ်ပါတယ်။ ကိုယ်လိုတာတမျိုး ကိုယ့်ဆီလာတာတမျိုးပေါ့ရှင့်။

ဆန့်ကျင်ဘက်ကို သဘောကျတယ်

ခပ်ဆိုးဆိုးအမျိုးသားတွေကို သဘောကျရတဲ့အဓိကအကြောင်းရင်တစ်ခုကတော့ ကိုယ်နဲ့မတူညီတဲ့ အကျင့်စရိုက်တွေရှိတဲ့ သူ့ကိုသဘောကျလို့ပါပဲ။ တခါတလေ ဆန့်ကျင်ဘက်အရာတွေက ကိုယ့်ကိုဆွဲဆောင်နိုင်ပါတယ်။

မိမိကိုယ်ကိုလေးစားမှုမရှိလို့

တချို့မိန်းကလေးတွေက မိသားစုတွင်းမှာအဆင်မပြေလို့ စိတ်ပြေရာပြေကြောင်း ချစ်သူရည်းစားထားကြပါတယ်။ သူတို့ကိုစိတ်သက်သာရာရစေဖို့အတွက် ထောက်ပံ့ကူညီပေးဖို့အတွက် သူတို့နားမှာရှိနေနိုင်တဲ့သူမျိုးကိုအလွယ်တကူရှာဖွေကြပါတယ်။ အဲလိုအချိန်မှာ ခပ်ဆိုးဆိုးကောင်လေးတွေကို သဘောကျမိကြပါတယ်။ မိမိကိုယ်ကိုတန်ဖိုးမထား မလေးစားသူတွေဟာ ချစ်သူနှစ်ဦးဆက်ဆံရေးမှာလည်း ဘယ်လိုမှအဆင်ပြေမှာမဟုတ်ပါဘူး။

ဇာတ်ကားတွေက သင့်ကိုလွမ်းမိုးတယ်

ခပ်ဆိုးဆိုး ဂျစ်ကန်ကန်အမျိုးသားကို သဘောကျရတဲ့ အကြောင်းရင်ကတော့ ဂျစ်ကန်ကန်ကောင်လေးတွေအကြောင်းရိုက်ထားတဲ့ ဒရမ်မာရုပ်ရှင်ဇာတ်ကားတွေက သင့်ကိုလွမ်းမိုးထားလို့ပါပဲ။

စာဖတ်သူတို့ကော ဘာလို့သဘောကျတာလဲ။

Source: thelist.com