လက်ရှိတွဲနေတဲ့ချစ်သူက သင် သူ့ကို လုံးလုံးချစ်ကြောင်း အသိအမှတ်ပြုရမယ့်အစား သင့်ရည်းစားဟောင်းအကြောင်း အဆက်မပြတ်တွေးနေတာ ၊ သူ့ကိုယ်သူ သင့်ရဲ့ရည်းစားဟောင်းနဲ့နှိုင်းယှဉ်တယ် ၊ အရင်က ကိုယ့်ရည်းစားဟောင်းကို မနာလိုဖြစ်နေသေးတယ် ၊ ရည်းစားဟောင်းကြောင့် သင်သူ့ကိုထားသွားမှာ ကြောက်နေတယ်ဆိုတာက သင်ဒီအချက်တွေကို လုပ်မိနေလို့ပါ။

1. ရည်းစားဟောင်းအကြောင်း အမြဲပြောနေတာ

လက်ရှိချစ်သူရဲ့ ရည်းစားဟောင်းအကြောင်း ဘယ်သူမှ မကြားချင်ကြပါဘူး။ ဒါပေမယ့် တခုခုတိုက်ဆိုင်တိုင်း ရည်းစားဟောင်းအကြောင်းပြောတာ ၊ Spotify မှာ သီချင်းတစ်ပုဒ် ပေါ်လာပြီး သူတို့ကို အမှတ်ရနေတာ ၊ မသိစိတ်က လက်ရှိချစ်သူက လူဟောင်းနဲ့တူအောင် တစ်ခုခုလုပ်ခိုင်းဖို့ အကြံပေးဖူးတာ အဲဒါတွေကို မကြာခဏလုပ်ရင် သူခံစားရတဲ့ နာကျင်မှုကြောင့် မနာလိုစိတ်ကို ပြောင်းသွားနိုင်ပါတယ်။

2. အတိတ်ကို မမေ့နိုင်သေးတာ

ရည်းစားဟောင်းက ထာဝရချစ်မယ်လို့ ကတိပေးပြီးမှ သင့်ကိုထားခဲ့တာပဲဖြစ်ဖြစ်၊ လိမ်ညာပြီးပဲဖြစ်ဖြစ်၊ သင့်ကိုလှည့်စားခဲ့တယ်ဆိုရင်တောင်မှ အတိတ်မှာ နာကျင်ခဲ့ဖူးတာကို လက်ရှိဆက်ဆံရေးကို သယ်မလာသင့်ပါဘူး။ ဒီလိုဖြစ်နေတယ်ဆိုရင် ဖြစ်ပျက်ခဲ့တာတွေကို သူနဲ့တိုင်ပင်ပြီး သူမကို နွေးထွေးပေးပါ။

3. လုံခြုံမှုမခံစားရတာ

သင်က သူ့နောက်ကွယ်မှာ အရင်ရည်စားဟောင်းနဲ့ အဆက်အသွယ်ရှိနေတာ ၊ ပြန်ဆက်သွယ်တာ ၊ မသိအောင် တွေ့နေတာမျိုးတွေကြောင့်လည်း စိတ်လုံခြုံမှုကို မခံစားရတော့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

4. နှိုင်းယှဥ်တာ

သူ့ရဲ့ကြိုးစားအားထုတ်မှုတွေ ၊ သိတတ်မှုတွေ ၊ အဆင်မပြေမှုတွေကို အသိအမှတ်မပြု အားမပေးဘဲ အမြဲတမ်း အရင်ရည်စားဟောင်းနဲ့ နှိုင်းယှဥ်တာတွေကလည်း သူ့ကို စိတ်မကောင်းဖြစ်စေသလို အရင်ရည်စားဟောင်းပေါ် မနာလိုမှုကိုလည်း ဖြစ်စေပါတယ်။