သင့်အနေနဲ့ ကမ္ဘာပေါ်က လူတိုင်းကိုတော့ သဘာမကျနိုင်ဘူးလေ။ ကိုယ်စိတ်တိုင်းမကျတဲ့သူတွေလည်းရှိနိုင်သလို၊ ကိုယ့်စိတ်နဲ့ သဟဇာတမဖြစ်တဲ့သူတွေလည်း ရှိနိုင်တာပဲ။ လူတွေရဲ့သဘောအရ ကိုယ့်ကတော့ တခြားသူတွေသဘာကျတာခံချင်တယ်။ တခြားသူလက်ခံလာတာကိုလိုချင်ကြပါတယ်။ တကယ်လို့ တခြားသူတွေက သင့်ကို သဘာမကျဘူးဆိုရင် သင့်ကို အနည်းနဲ့အများတော့ စိတ်မကောင်းဖြစ်စေတာအမှန်ပါပဲ။

တခါတလေမှာ သင်မကြိုက်တဲ့အရာတွေရော၊ သင့်ကိုသဘောမကျတဲ့အရာတွေကိုရော သင့်အနေနဲ့ လျစ်လျူရှုထားသင့်ပါတယ်။ဘာလို့လဲဆိုတာကို ပြောမယ်နော်။

၁။ ဘဝဆိုတာ တိုတိုလေးပါ

လူ့ဘဝဆိုတာ တိုတိုလေးပါ။ အလွန်ဆုံးနေမှ နှစ်ပေါင်း ၁၀၀ ကျော်လေးပဲနေထိုင်ရတာပါ။ ဘာလို့ စိုးရိမ်မှုတွေ၊ တခြားသူတွေကို စိတ်အလိုမကျမှုတွေထားနေဦးမှာလဲ။

၃။ လူတွေဟာသင့်အကြောင်း အများကြီးမစဉ်းစားကြပါဘူး

သင့်အနေနဲ့ တခါတလေမှာ လူတိုင်းကိုယ့်ကိုပဲ အပြစ်တင်နေကြတယ်။ သင့်ကိုပဲ အလိုမကျဖြစ်နေကြတယ်လို့ ထင်နေ၊ ခံစားနေရရင် အဒီခံစားချက်ကို စွန့်လွတ်လိုက်ပါ။ဘယ်သူကမှ အချိန်ကုန်ခံပြီး သင့်အကြောင်းကို အများကြီးမစဉ်းစားပါဘူး။

၄။ သူတို့ ကိစ္စမဟုတ်ဘူးလေ

သင့်ရဲ့ ကိုယ်ပိုင်ဘဝဟာ တခြားသူတွေရဲ့ ဘဝတစ်ခုမဟုတ်သလို တခြားသူတွေရဲ့ ကိစ္စတစ်ခုမဟုတ်ပါဘူး။ သင့်ကိုယ်တိုင်ကပဲ သင့်ကို ပျော်ရွှင်ငြိမ်းချမ်းအောင် ပြုလုပ်ပေါ်နိုင်မှာပါ။ လူတိုင်း သူတို့အမြင်နဲ့ သူတို့ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။သင့်ကို ဥပေက္ခာပြုပိုင်ခွင့်ရှိတယ်။ ခေါင်းထဲမထည့်ပါနဲ့။

၅။ တခြားသူတွေရဲ့ အတွေးကို အာရုံမစိုက်ပါနဲ့

သင့်အနေနဲ့ လူတိုင်းကို မကောင်းနိုင်ပါဘူး။ တခြားသူတွေလည်း အဲဒီလိုပါပဲ။ သင့်ကိုသဘောမကျတဲ့သူတစ်ယောက်အတွက်နဲ့ စိတ်ဖိစီးမှုမခံပါနဲ့။