စာဖတ်သူတို့ရေ မျက်နှာကို Day Cream လိမ်းပေးသလို Night Cream လိမ်းပေးဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ Night Cream လိမ်းပေးတာဟာ အကျိုးကျေးဇူးများစွာရနိုင်လို့ပါပဲ။

၁။ နေ့လည်ဖက်မှာ ပျက်စီးသွားတဲ့ အသားအရေကို ပြန်လည်စိုပြေစေပြီး အသားအရေကို ရေဓာတ်ဖြည့်ပေးပါတယ်။

၂။ သင့်မျက်နှာအသားအရေကို နူးညံ့ချောမွတ်စေပါတယ်။

၃။ မနက်မိုးလင်းတဲ့အခါ အသားအရေက ပိုပြီးကြည်လင်လာမှာပါ။

၄။ သင့်ရဲ့ အသားအရေပေါ်က Collagen လေးတွေကို လှုံ့ဆော်ပေးနိုင်ပါတယ်။

၅။ သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေပါတယ်။

၆။ အရေးကြောင်းတွေကို သက်သာစေတယ်။

၇။ အသားအရေတွဲတာကို သက်သာစေမယ်။

၈။ အသားအရေ နူးညံ့ပြီး ကောင်းမွန်နေစေမယ်။

၉။ အသားအရေ အိုမင်းရင့်ရော်တယ်လို့ မထင်ရဘဲ နုပျိုနေမယ်။

၁၀။ ပျက်စီးနေတဲ့အသားအရေကို ပြုပြင်ပေးပြီး ဆဲလ်သစ်တွေဖြစ်ပေါ်စေပါတယ်။

Night Cream ကို ဘာကြောင့်ရွေးချယ်သင့်လဲ

Night Cream ဟာ သင့်အသားအရေအတွက် သိပ်ကိုကောင်းပါတယ်။ နေ့ဘက်မှာထက် သင့်အသားအရေက ပိုပြီးစုပ်ယူအားကောင်းစေပြီး ဆဲလ်တွေကို ပြန်လည်နုပျိုစေပါတယ်။

ညလိမ်းခရင်မ်ဟာ အသားအရေကို စိုပြေစေရုံသာမက ပျက်စီးနေတဲ့ ဆဲလ်တွေကို ပြန်ပြီး ပြုပြင်ပေးပါတယ်။

ဘယ်လိုလိမ်းမလဲ

ညလိမ်းခရင်မ်မလိမ်းခင် မျက်နှာအရင်သစ်ပါ။

ပြီးရင် သင့်ရဲ့ လက်ထိပ်လေးတွေမှာ ခရင်မ်လေး နည်းနည်းတင်ပြီး မျက်နှာပေးလိမ်းလိုက်ကာ ပုပ်ပုပ်ပေးလိုက်ပါ။

ပြီးရင်တော့ အပေါ်အောက် ဘေးဘယ်ညာ ပွတ်ပေးလိုက်ပြီး အသားအရေကို ညင်သာစွာ နှိပ်နယ်ပေးပါနော်။