အောင်မြင်ချင်ပါသလား။ သင်နဲ့ ပေါင်းနေတဲ့သူတွေကို သတိထားပါ။ ကိုယ့်ရဲ့ အပေါင်းအသင်းတွေဟာ ကိုယ့်ရဲ့ Personality ပေါ် လွှမ်းမိုးမှု ရှိပါတယ်။ အဆိုးမြင်တတ်တဲ့ Negative People တွေကို ဘာကြောင့် ရှောင်သင့်သလဲဆိုရင် ဒီအကြောင်းတွေကြောင့်လို့ ပြောချင်ပါတယ်။

(၁) သဘောထားတွေ လွဲမှားစေနိုင်လို့ပါ

Photo: Shutterstock

ပတ်ဝန်းကျင်က အရာရာတိုင်းဟာ ကိုယ့်ရဲ့ စိတ်အာရုံပေါ် ဩဇာလွှမ်းမိုးမှု ရှိတယ်ဆိုတာ သတိရလိုက်ပါ။ ဒါဆို အကောင်းမြင်စိတ်နည်းတဲ့ ၊ အတ္တကြီးပြီး ကျေးဇူးပြုတတ်တဲ့ စိတ်မရှိသူတွေနဲ့ ပေါင်းရင် ကိုယ်လည်း သူတို့လို စိတ်ဓါတ်အရည်အသွေးနိမ့်ကျသူ ဖြစ်လာနိုင်လို့ ဖြစ်ပါတယ်။

(၂) စိတ်ပင်ပန်းစေတယ်

Photo: Shutterstock

Negative Person တစ်ယောက်အနားနေရတာကိုက ပူလောင်လှပါတယ်။ စိတ်ဓါတ်အင်အားကျဆင်းစေနိုင်ပါတယ်။ အဆိုးမြင်စိတ်နဲ့ တွေးတဲ့ အကျင့်တွေပဲ ရှိလို့ ဘယ်လိုမှ နိုးကြားတက်ကြွ ပျော်ရွှင်ရမှာ မဟုတ်ပါဘူး။

(၃) မကောင်းတဲ့စရိုက်တွေ ဝင်နိုင်တယ်

Photo: Shutterstock

စရိုက်ဆိုးတွေ ဘယ်သူမှ ကြိုက်မှာ မဟုတ်ပါဘူး။ ပင်ကိုယ်စိတ်ရင်းကောင်းတဲ့သူတောင် အပေါင်းအသင်းမှားလို့ လူဆိုးလူညစ် ဖြစ်သွားနိုင်ပါတယ်။ အဆိုးမြင်တဲ့သူနဲ့ပေါင်းတာ အန္တရာယ်အင်မတန် ကြီးပါတယ်။ ဒါကြောင့် အဆိုးမြင်သူတွေနဲ့ ရှောင်တာ အကောင်းဆုံးပါပဲ။

(၄) ဘဝတက်လမ်း ပိတ်သွားနိုင်တယ်

Photo: Shutterstock

အဆိုးမြင်သူတွေဟာ သူတို့တင် အဆိုးမြင်တာမဟုတ်ဘဲ တစ်ခြားသူရဲ့ ဘဝကိုပါ သူတို့လို အဆိုးမြင်လာအောင် နှိုးဆော်တိုက်တွန်းနိုင်ပါတယ်။ အကျိုးဆက်ကတော့ မကောင်းမြင်သူတို့ ထုံးစံအတိုင်း နောက်ဆုံးမှာ ဘဝတိုးတက်ရာ တိုးတက်ကြောင်းတွေ ထိခိုက်ပျက်စီးသွားနိုင်တယ်ဆိုတာ မမေ့သင့်ပါဘူး။