အဝတ်အစားတွေကို သပ်သပ်ရပ်ရပ်ခေါက်ပြီး ဖိနပ်နဲ့ အသုံးအဆောင်ပစ္စည်းတွေကို စနစ်တကျထားပြီး သေချာသိမ်းတာက ဗီရိုထဲမှာအဝတ်တွေနဲ့ရှုပ်မနေဘဲ မြင်ရတာက စိတ်နေလို့ကောင်းပါတယ်။ ဒါ့အပြင် ဗီရိုကို သန့်ရှင်းပြီး စနစ်တကျထားတာကနေ ဒီလိုအကျိုးကျေးဇူးတွေလည်း ရပါသေးတယ်။
အချိန်ကုန်သက်သာတယ်
သန့်ရှင်းသပ်ရပ်နေတဲ့ ဗီရိုတစ်ခုကနေ လိုချင်တဲ့အချိန် လိုချင်တဲ့ပစ္စည်းကိုလည်း အချိန်မကုန်ဘဲ မြန်မြန်ရှာလို့ရပါသေးတယ်။
စိတ်ဖိစီးမှုကို လျှော့ချပေးတယ်
စိတ်ရှုပ်နေချိန် အဝတ်အစားတွေနဲ့ ရှုပ်ပွနေတဲ့ ဗီရိုကိုမြင်ရတာက ပိုပြီးစိတ်ရှုပ်စရာဖြစ်စေပါတယ် ။ဗီရိုကို သန့်ရှင်းပြီး စနစ်တကျထားတာကလည်း စိတ်ဖိစီးမှုကို လျှော့ချနိုင်တဲ့နည်းတစ်မျိုးပါပဲ။
ပျက်စီးခြင်းကနေ ကာကွယ်ပေးတယ်
အဝတ်အစားတွေကို စနစ်တကျသိမ်းတဲ့အခါ အဝတ်အစားရဲ့ပုံစံတွေကိုလည်း ထိန်းသိမ်းရာရောက်တာမလို့ ပုံစံပျက်တာကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။
ငွေကုန်သက်သာစေတယ်
ကိုယ့်မှာရှိတဲ့အဝတ်အစားကို သေချာသိနိုင်တာမလို့ မလိုအပ်တဲ့ ဒါမှမဟုတ် ရှိပြီးသား ထပ်တူကျတာ ဆင်တူရိုးမားဝယ်မိတာတွေ ထပ်မဖြစ်တော့ဘဲ ငွေကုန်သက်သာစေပါတယ်။