လူတော်တော်များများ အထီးကျန်မူကို ခံစားဖူးကြတယ်။ တစ်ခါတစ်လေ ကိုယ့်ရဲ့ဖူးစာဖက်နဲ့တောင် ဒီတစ်သက် မတွေ့နိုင်တော့ဘူးလို့တောင် ထင်ထားကြတဲ့လူတွေရှိနေပါတယ်။ ဒီလိုထင်နေရတဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။

အရင် Relationship ကို စိတ်မပြတ်နိုင်ခြင်း

အရင် Relationship ကို စိတ်မပြတ်သေးတဲ့ လူရဲ့ရင်ခွင်ထဲကို ဘယ်မိန်းကလေးမှ လာချင်မှာမဟုတ်ပါဘူး။ ဒါကြောင့် အချိန်ယူပါ။ အရင် Relationship ကို ပြန်တည်ဆောက်ချင်တာလား (သို့) Relationship အသစ်တစ်ခု တည်ဆောက်ချင်တာလား။ ကိုယ်ဘာလိုချင်လဲဆိုတာကို သိအောင်လုပ်ပါ။

မျှော်လင့်ချက်တွေများနေတာ

တစ်ချို့မိန်းကလေးတွေက မင်းသားတွေကို အိပ်မက်မက်ကြပါတယ်။ ဒီလိုပဲ တစ်ချို့ယောက်ျားလေးတွေက အဖက်ဖက်ကနေ ပြီးပြည့်စုံတဲ့ မိန်းကလေးတွေကို လိုချင်ကြပါတယ်။ ဒီလိုမျှော်လင့်ချက်တွေ များနေတာက အနာဂတ်မှာ အပျိုကြီး လူပျိုကြီးဖြစ်ဖို့ ရာခိုင်နှုန်းများသွားပါပြီ။ အရင်ဆုံး မိမိကိုယ်မိမိ ပြန်ဆန်းစစ်ပါ။ တစ်ခြားလူကို ကိုယ်ဘာတွေလုပ်ပေးနိုင်လဲ။ ကိုယ့်ဖက်က ဘာတွေလုပ်ပေးနိုင်မလဲ ဆိုတာကို အရင်တွေးပါ။

ပိုင်ရှင်ရှိပြီးသားလူကို စောင့်နေတာ

ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေမဖြုန်းပါနဲ့။ ဘဝမှာ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ ပိုင်ရှင်ရှိပြီးသားလူကို စောင့်မနေပါနဲ့။ တကယ်လို့ သူ (သို့) သူမကို ဖြတ်ပြီး သင့်ဆီကိုလာမယ်ဆိုရင်လည်း လက်မခံပါနဲ့။ တစ်ခါဖောက်ပြန်ဘူးတဲ့လူဟာ နောက်တစ်ခါဖောက်ပြန်ဖို့ ဝန်မလေးတတ်ပါဘူး။ ပြီးတော့ သင့်အနေနဲ့လည်း သံသယတွေနဲ့ ရှင်သန်သွားရပါလိမ့်မယ်။

ယုံကြည်မှုနဲ့ပတ်သက်ပြီး ပြဿနာရှိတာ

“သူတို့တွေအားလုံးက အတူတူတွေချည်းပဲ။” “သူတို့တွေက ဒါကိုပဲ မက်မောကြတာ။” ဒီစကားလုံးတွေကို အမျိုးသားနဲ့အမျိုးသမီး အများစုတွေဆီကနေ ကြားရလေ့ရှိပါတယ်။ ဒီလိုပြောတဲ့လူတွေမှာ ယုံကြည်မှုနဲ့ပတ်သက်ပြီး ပြဿနာရှိနေပါတယ်။ သူတို့တွေဟာ ဒီလိုလူတွေပဲရှိတဲ့ ပတ်ဝန်းကျင်မှာကြီးပြင်းခဲ့ရတဲ့လူတွေဖြစ်ဖို့ များပါတယ်။ ပြီးတော့ ဒီလိုလူတွေကိုပဲ ချစ်ကြိုက်မိခဲ့လို့လည်းဖြစ်နိူင်ပါတယ်။

လူတိုင်းကိုတော့ လွယ်လွယ်ကူကူမယုံမိဖို့လိုအပ်ပါတယ်။ ဒါပေမယ့် ကိုယ်ကြုံခဲ့ရတဲ့လူတွေနဲ့ နှိုင်းယှဉ်ပြီးတော့ အနားကလူတွေကို တွန်းဖယ်ပစ်တာမျိုး မလုပ်မိဖို့လည်းလိုအပ်ပါတယ်။ သင့်ရဲ့ Ex က သင့်ကို နာကျင်အောင်လုပ်သွားတာ သင့်ရဲ့အပြစ်မဟုတ်ပါဘူး။ ဒါပေမယ့် လာကပ်သမျှလူတွေကို သင့်ရဲ့ ex လိုပဲ ထင်နေရင်တော့ သင့်အပြစ်ဖြစ်သွားပါလိမ့်မယ်။

Source: BrightSide