သင့်ရည်းစားဟောင်းဆီ Happy Birthday Message ပို့တာက အိုင်ဒီယာကောင်းမဟုတ်ပါဘူး။ သင့်ဘက်က ဘယ်လောက်ပဲရိုးရိုးသားသား စိတ်မျိုး ထားပါစေ ဒါက ကောင်းတဲ့ အိုင်ဒီယာတစ်ခုတော့မဟုတ်ပါဘူး။ သင်က သူ့ကို သံယောဇဉ်ရှိလို့ ပြန်လာစေချင်လို့ ဒီ Message ပို့ရင်လည်း သူပြန်လာဖို့ အခွင့်အလမ်းနည်းပါတယ်။ ဘာကြောင့် Happy Birthday မတ်ဆေ့မပို့သင့်တာလဲဆိုတော့-

၁။ သင်တို့က တွဲနေတုန်းလို့ ဟန်ဆောင်လိုက်သလိုပဲ


သင်နဲ့ သူက ပြတ်သွားပြီဖြစ်တာမို့ ရှေ့ဆက် မေ့ပစ်ရမှာပဲ။ ဒီလိုပို့လိုက်တဲ့အချိန် သင့်ဘက်က သူနဲ့ အမှတ်တရတွေ ပြန်သတိရလာနိုင်ပါတယ်။ သင်သူ့ကို မေ့ဖျောက်ပစ်ဖို့ ကြိုးစားထားသမျှ သဲထဲရေသွန် အလဟဿဖြစ်သွားပါလိမ့်မယ်။

၂။ ဒီလိုပို့လိုက်လို့ သူက သင့်ကို မလွမ်းပါဘူး


မချစ်တော့လို့ အဆင်မပြေတော့လို့ လမ်းခွဲလိုက်တာကြောင့် ဒီမတ်ဆေ့တစ်စောင်တည်းနဲ့ ပြန်ကြိုးစားလို့ အရာရောက်မှာမဟုတ်ပါဘူး။

၃။ သင့်ကို ငြင်းဖို့ အခွင့်အရေးပေးလိုက်သလိုပဲ


သင့်ဘက်က စပြီး Message ပို့လိုက်တာကြောင့် သူ့ဘက်က သင့်ကို ငြင်းဖို့ အခွင့်အရေးပေးရာရောက်ပါတယ်။

၄။ သူ့ကို သူငယ်ချင်းဂိုဏ်းထဲ သွင်းလိုက်ပါပြီ


သင့်ဘက်က Message ပို့တဲ့အချိန် သူငယ်ချင်းလို ဆက်ဆံရပါတော့မယ်။ ကိုယ့်ဘက်က ဒီလိုအစပြုလိုက်တာမို့ ကိုယ်ကိုယ်တိုင် သူ့ကို Friend Zone ထဲ ဆွဲသွင်းလိုက်တဲ့သဘောပါပဲ။

By MyStyle Myanmar