အားလုံးသိကြတဲ့အတိုင်းပဲ့ အချစ်ဆိုတဲ့အရာက ရိုးရှင်းသလိုလိုနဲ့ တကယ့်ကိုရှုပ်ထွေးလွန်းတဲ့ အရာတစ်ခုပဲ့ဖြစ်ပါတယ်။ တစ်ချို့အချစ်တွေက စိတ်ပျော်ရွှင်ကြည်နူးစရာကောင်းသလောက် တချို့ကျတော့ ဝမ်းနည်းပူဆွေးမှုတွေနဲ့သာ ပြည့်နှံ့နေတတ်ပါတယ်။ အဲ့ဒီထဲကမှ အဆိပ်သင့်တဲ့အချစ်ရေးမှန်းသိပေမယ့် အရမ်းချစ်တဲ့အတွက် အဆုံးရှုံးမခံချင်လို့ ပေတေပြီးတွယ်ကပ်နေတတ်ကြတဲ့သူတွေလည်း ရှိပါတယ်။

ဒီလို ဘယ်လိုမှအဆင်မပြေနိုင်တဲ့ အဆိပ်သင့်Relationship ကို ဖမ်းဆုပ်ထားမယ်ဆိုရင် အချိန်ကြာလာလေလေ သင်ပဲ ပိုနာကျင်ခံစားရလေဖြစ်ပြီး နောက်ဆက်တွဲအနေနဲ့ ဒီလိုဆိုးကျိုးတွေလည်း ဖြစ်လာနိုင်ပါသေးတယ်နော်…

ပျော်ရွှင်ရတဲ့အချိန်ဆိုတာ သင့်အတွက်မရှိသလောက် ရှားလာမယ်

အဆိပ်သင့်နေတဲ့ Relationship ကို မပြတ်နိုင်ပဲ ဖမ်းဆုပ်ထားမယ်ဆိုရင်တော့ အချိန်ကြာလာလေ စိတ်ညစ်လာရမှာပါပဲ။ ညှိုယူလို့အဆင်မပြေတဲ့အခါမှာ လက်လွှတ်လိုက်တာက သင့်အတွက် အကောင်းဆုံးပါပဲ့။ ဒီလိုမဟုတ်ပဲ ဆက်ပြီးဖက်တွယ်နေမယ်ဆိုရင်တော့ ကိုယ်ပျော်ရွှင်ရမယ့်အချိန်တွေက နည်းလာတာပဲရှိပါလိမ့်မယ်နော်။

အထီးကျန်လာမယ်

ရည်းစားနဲ့အဆင်မပြေရင်၊ ရည်းစားက ဂရုမစိုက်ရင်တောင် အထီးကျန်သလိုခံစားရတတ်ပါတယ်။ ဒါကြောင့် ရေရှည်မှာ အဆင်မပြေနိုင်တော့တဲ့ Relationship ကြီးကိုသာ ဆက်ပြီးဖမ်းဆုပ်ထားရင်တော့ စိတ်ညစ်ရတာနဲ့ အထီးကျန်ရတာနဲ့ရောထွေးပြီး Depression တွေဝင်တဲ့အထိကို ဖြစ်လာနိုင်ပါတယ်။

ပိုနာကျင်ခံစားလာရမယ်

ကိုယ်ကချစ်ပေမယ့်လည်း ဘယ်လောက်ပဲဖက်တွယ်နေပါစေ အဆင်မပြေနိုင်တော့တာကို ကိုယ်လည်း တစ်နေ့ထက်တစ်နေ့ ပိုသိလာမှာပါ။ ဒီလိုသိလာလေ တစ်နေ့ထက်တစ်နေ့ ပိုနာကျင်ရလေလေပါပဲ။ လွှတ်ချလိုက်ရင် အချိန်တစ်ခုထိပဲ ခံစားရမှာပါ။ အချိန်တန်ရင် အဆင်ပြေသွားပါလိမ့်မယ်။

အပြစ်တင်စိတ်တွေ ပိုများလာမယ်

အဆိပ်သင့်နေတဲ့ Relationship ကြီးကို လက်မလွှတ်နိုင်ပဲ အချိန်ကြာလာတဲ့အခါမှာ အတွေးမျိုးစုံဝင်လာပါလိမ့်မယ်။ အဆင်ပြေနေတဲ့အတွဲတွေကိုမြင်ရင်၊ အချစ်ခံရတဲ့သူတွေကိုမြင်ရင် ပိုပြီးသင်ခံစားရပါလိမ့်မယ်။ ငါ့ကျမှဘာလို့ဒီလိုတွေဖြစ်ရတာလဲ၊ ဘာလို့ငါကျအချစ်ရေးကံမကောင်းတာလဲ ဆိုတဲ့အနုတ်သဘောဆောင်တဲ့အတွေးတွေနဲ့ ကိုယ့်ကိုယ်ကိုအပြစ်တင်စိတ်တွေ ပိုများလာပြီး အရာရာကို အလိုမကျဖြစ်ပြီး ဘေးနားကသူတွေနဲ့ပါ ဆက်ဆံရေးအဆင်မပြေတာတွေ ကြုံလာနိုင်ပါတယ်။

ဒါကြောင့် စိတ်ရောလူပါ ပင်ပန်းနာကျင်ရတာမျိုးမဖြစ်ရလေအောင် Relationship တစ်ခုစတည်ဆေက်ကတည်းက အသေးအမွှားလေးကအစ တိုင်ပင်ပါ။ အဆင်မပြေတာလေးတွေကို သူ့ဘက်ကိုယ်ဘက် ကြည့်ပြီး ညှိုယူပါ။ ညှိုယူလို့မရတဲ့အထိ အဆင်မပြေတာတွေများလာရင် ဖက်တွယ်မနေပဲ လွှတ်ချလိုက်တာက နှစ်ယောက်စလုံးအတွက် အကောင်းဆုံးနည်းလမ်းပါပဲ့နော်။