ကဲ…ဒီနေ့မှာတော့ ချစ်သူလေးတွေပိုင်ဆိုင်ထားတဲ့သူတွေအတွက် သိပ္ပံပညာရှင်တွေကတော့ မကြာခဏနမ်းတဲ့ ပျိုမေတွေဟာ ဝိတ်ကျခြင်းဖြစ်စဉ်ပိုမြန်ဆန်ကြောင်း အတည်ပြုလိုက်ပါပြီနော်။ ဒါကြောင့် ချိုမြိန်တဲ့အနမ်းတစ်ပွင့်က ရဖူးသူတိုင်းအတွက် တန်ဖိုးမဖြတ်နိုင်ပါဘူး။ အနမ်းပေးခြင်းက အချစ်ရေးသာယာမှုကို ခံစားရတဲ့အပြင် တခြားဒီလိုကောင်းကျိုးလေးတွေလည်း ခံစားရရှိစေမှာပဲ့ဖြစ်ပါတယ်။

အနမ်းချွေခြင်းကြောင့် ဘယ်လိုမျိုးကောင်းကျိုးတွေ ရရှိမလဲဆိုတာကို အတူတူကြည့်လိုက်ရအောင်နော်။

၁။ အနမ်းပေးခြင်းက ဝိတ်ကျစေပါတယ်

အနမ်းပေးခြင်းက ကယ်လိုရီလောင်ကျွမ်းစေသတဲ့။ လေ့လာမှုတစ်ခုမှာ သာမန်အနမ်းတစ်ပွင့်ဟာ ၂ ကယ်လိုရီကနေ ၃ ကယ်လိုရီထိ လောင်ကျွမ်းစေပါတယ်။ အမြတ်တနိုးနမ်းရှိုက်ခြင်းက ၅ ကယ်လိုရီကနေ ၂၆ ကယ်လိုရီထိ လောင်ကျွမ်းနိုင်ပါတယ်။ ဒီတော့ တွက်ကြည့်ရအောင်…. မိနစ်သုံးဆယ် အမြတ်တနိုးနမ်းခြင်းက ကယ်လိုရီ ၁၈၀ လောင်ကျွမ်းစေမှာပါ။ ဒီပမာဏဟာ တစ်နာရီ ၃ မိုင်ခွဲနှုန်းနဲ့ နာရီဝက်လမ်းလျှောက်တာထက် ဝိတ်ပိုကျနေပါပြီ။ နမ်းခြင်းကို လေ့ကျင့်ခန်းလုပ်တာတွေနဲ့တော့ သွားယှဉ်လို့မရပါဘူး။ လေ့ကျင့်ခန်းလုပ်ခြင်းကတော့ အကောင်းဆုံးပါပဲ။

၂။ အသားအရေကောင်းမွန်စေပါတယ်

ချပ်ရပ်တဲ့ခန္ဓာကိုယ်ကို လိုချင်ရင် လှုပ်လှုပ်ရှားရှားနေပေးရပါတယ်။ နမ်းတဲ့အချိန်မှာလည်း မျက်နှာကြွက်သားပေါင်း အခု ၃၀ လောက်ကို အလုပ်ပေးရပါတယ်။ ဒီတော့ မျက်နှာပါးရေက တင်းရင်းလာပါတယ်။ အနမ်းချွေခြင်းက မျက်နှာလေ့ကျင့်ခန်းလုပ်သလိုပါပဲ။

၃။ အရေးအကြောင်းတွေကို ကာကွယ်ပေးပါတယ်

ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေ အသုံးပြုချိန်မှာ သွေးလည်ပတ်မှုကောင်းမွန်ပြီး အရေပြားအတွက် ကော်လဂျင်ဓာတ်ကို ထုတ်ပေးပါတယ်။ ကော်လဂျင်ဓာတ်က အရေးအကြောင်းဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။ ပြောရမယ်ဆိုရင် နမ်းခြင်းက အလှပြင်ဆိုင်မှာ အသားအရေထိန်းသိမ်းလိုက်သလိုပါပဲ။ နုပျိုချင်လို့ ခဏခဏနမ်းရုံနဲ့တော့ အရွယ်မတင်စေပါဘူးနော်။ ဒါပေမဲ့ အနမ်းပေးသူတွေက ပျော်ရွှင်ကြပါတယ်။

၄။ စိတ်ဖိစီးမှုလျော့ကျစေပါတယ်

နမ်းခြင်းက သင့်ကို သဘာဝနည်းနဲ့ အပန်းပြေစေပါတယ်။ သုတေသနတစ်ခုမှာတော့ နမ်းခြင်းက ခန္ဓာကိုယ်ထဲက သဘာဝဓာတ်တွေဖြစ်တဲ့ Oxytocin ဓာတ်၊ စိတ်တည်ငြိမ်စေပြီး ပျော်ရွှင်စေတဲ့ Endorphin ဓာတ်စတာတွေကို မြှင့်တင်ပေးပါတယ်။ အနမ်းတစ်ပွင့်က စိတ်ဖိစီးမှုဖြစ်စေတဲ့ Cortisol အဆင့်ကိုလည်း လျှော့ချပေးပါတယ်။

၅။ သွားကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်

နမ်းခြင်းက သင့်သွားအတွက် ကောင်းမွန်စေပါတယ်။ ဘာလို့လဲဆိုတော့ အနမ်းပေးခြင်းက တံတွေးထွက်မှုများစေပြီး ဘတ်တီးရီးယားတွေကို သဘာဝအတိုင်း ဆေးချပေးပါတယ်။ သွားဆရာဝန်အချို့က တံတွေးဟာ သွားကြွေလွှာပျက်စီးမှုသေးသေးလေးတွေကို သက်သာစေတယ်လို့ ဆိုထားပါတယ်။

Source: Brightside.me