တချို့က ညအိပ်တဲ့အခါ ညအိပ်ဝတ်စုံ သို့မဟုတ် ညဝတ်ဂါဝန်နဲ့အိပ်တာက အပိုအလုပ်လို့ထင်တတ်ကြပြီး ပုံမှန်အိမ်မှာနေရင်း ဝတ်နေကြအဝတ်အစားနဲ့ဘဲ အိပ်ရာဝင်တတ်ကြပါတယ် ။ တကယ်တော့ ညဝတ်အင်္ကျီဝတ်အိပ်တာက သက်တောင့်သက်သာနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ဖို့ အများကြီးကူညီပေးပါတယ်။

ညဝတ်အိပ်ဝတ်အိပ်တာက ဘာကြောင့်ကောင်းလဲ ? ဘာကြောင့်ဝတ်အိပ်သင့်လဲဆိုတဲ့အချက်တွေကို ဒီဆောင်းပါးမှာ ဝေမျှပေးချင်ပါတယ်။

သက်တောင့်သက်သာရှိစေတယ်

Pajamas တွေက အိပ်တဲ့အချိန်ဝတ်ဖို့ အထူးထုတ်ထားတာမလို့ နူးညံ့တဲ့ အထိအတွေ့နဲ့ လေဝင်လေထွက်ကောင်းတာကြောင့် သက်တောင့်သက်သာနဲ့ ညကို အိပ်ပျော်စေပါတယ်။

နွေးနေတာပဲ

Pajamas တွေက ခန္ဓာကိုယ်တွင်း အပူဒဏ်ကို ထိန်းညှိပေးပြီး တစ်ညလုံး နွေးစေတာမလို့ အအေးကြောင့် လန့်နိုးလာနိုင်တာမျိုးကို လျှော့ချပေးနိုင်ပါတယ်။

အိပ်ရာဝင်ဖို့အချက်ပြပေးတာ

ညအိပ်ဝတ်စုံလဲလိုက်တာက အနားယူဖို့နဲ့ အိပ်ဖို့အချိန်ရောက်ပြီဆိုတဲ့အကြောင်း စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုတစ်ခုအနေနဲ့ ဦးနှောက်ကို အချက်ပြလိုက်တာပါပဲ။

တစ်ကိုယ်ရေသန့်ရှင်းမှု

ညဘက် Pajamas ဝတ်အိပ်တာက အိပ်ယာကို သန့်ရှင်းစေသလို တစ်ကိုယ်ရေသန့်ရှင်းရေးအတွက်လည်း ကူညီပေးပါသေးတယ်။

ပေါ့ပေါ့ပါးပါးရှိတယ်

ညအိပ်ပြီဆို ညဘက်ကောင်းကောင်းအိပ်ပျော်ဖို့က အဓိကပါ။ ပေါ့ပေါ့ပါးပါးရှိတဲ့ ညဝတ်အင်္ကျီတွေက အိပ်ရာထဲမှာ လွတ်လွတ်လပ်လပ်ရွှေ့လို့ရတာမလို့ အိပ်နေချိ်န် အနှောင့်အယှက်မဖြစ်ဘဲ ကောင်းကောင်းအိပ်ပျော်စေမှာပါ။