အချစ်ကိုရှာတွေ့ဖို့ ခက်ခဲတယ်ဆိုတာက ကိုယ်တိုင်နဲ့လည်း အများကြီးသက်ဆိုင်ပါတယ်။ ဒီလိုအရာတွေဖြစ်နေရင် အချစ်ကိုရှာတွေ့ဖို့ ခက်ခဲပါတယ်။ ရှာတွေ့ခဲ့ရင်လည်း မတည်မြဲပဲ ခဏခဏပြတ်ဆဲတာမျိုးတွေ ဖြစ်တတ်ပါတယ်။

တစ်ကိုယ်ကောင်းဆန်ခြင်း

တစ်ကိုယ်ကောင်းဆန်တဲ့အကျင့်က အရမ်းဆိုးပါတယ်။ တစ်ဖက်လူရဲ့ခံစားချက်တွေ၊ တစ်ဖက်လူအတွက်တွေ ဘာမှမစဉ်းစားပေးပဲ ကိုယ်ဖြစ်ချင်တာ၊ လုပ်ချင်တာကိုပဲ သိတာမျိုးပါ။ တစ်ကိုယ်ကောင်းဆန်လွန်းတာကြောင့်ပဲ ခဏခဏပြဿနာတွေ ဖြစ်နေတတ်ပါတယ်။

High Standard

အမြင့်ကိုမှန်းတာကောင်းပေမယ့်လည်း အရမ်းအမြင့်ကိုမှန်းပြီး ဘယ်သူ့ကိုမှ စိတ်တိုင်းမကျတာ၊ လက်မခံနိုင်တာတွေကြောင့် အချစ်ကို တော်ရုံနဲ့ရှာမတွေ့ပါဘူး။ ကိုယ့်စံနှုန်းနဲ့ ကိုက်ညီတဲ့သူကိုစောင့်ရင်းနဲ့ ရှာရင်းနဲ့ပဲ တစ်ယောက်ထဲ FA တွေဖြစ်တာ ကြာသွားပါလိမ့်မယ်။

Toxic ဖြစ်လွန်းခြင်း

အချစ်ရေးမှာပဲဖြစ်ဖြစ်၊ သူငယ်ချင်း အပေါင်းအသင်းကြားမှာပဲဖြစ်ဖြစ် Toxic ဖြစ်လွန်းရင်လည်း အဆင်မပြေပါဘူး။ တစ်ခုခုဆို အရမ်းသဝန်တိုပြီး ပြဿနာရှာတာတွေ၊ ချုပ်ချယ်လွန်းတာတွေ၊ ပြဿနာရှာလွန်းတာတွေက အရမ်း Toxic ဖြစ်ပါတယ်။ တစ်ဖက်လူမွန်းကြပ်စေမယ့် အရာတွေကို လုပ်မိတာကြောင့် ကိုယ့်အနားမှာ ဘယ်သူ့မှမရှိတော့တာမျိုးတွေ မဖြစ်ပါစေနဲ့။

အယုံအကြည်မရှိခြင်း

အတိတ်မှာဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကြောင့်ပဲဖြစ်ဖြစ် အချစ်နဲ့ပတ်သက်လာရင် အယုံအကြည်မရှိတော့တာ၊ လူတွေအပေါ်ကို ယုံကြည်မှုကင်းမဲ့လာတာတွေကြောင့်လည်း တော်ရုံနဲ့ အချစ်ကိုရှာမတွေ့တော့ပါဘူး။ ရှာတွေ့ရင်တောင်မှ အယုံအကြည်မရှိတဲ့ပြဿနာကြောင့် ပတ်ပြေးနေအုံးမှာပါပဲ။ လူတိုင်းက အတူတူပဲမဟုတ်ပါဘူး။ အတိတ်မှာတွေ့ခဲ့တဲ့သူလိုမျိုးပဲ အားလုံးကအတူတူဖြစ်မယ်ဆိုတာမျိုးကို စိတ်ထဲမှတ်မထားပဲ အတိတ်ကိုလွှတ်ချပြီး ပေါ့ပေါ့ပါးပါး ဖြတ်သန်းလိုက်ပါ။ ဒါဆိုရင် အချစ်ရေးနဲ့ပတ်သက်ပြီး ပျော်ရွှင်လာရမှာပါ။