တချို့မိန်းကလေးတွေက ဆံပင်ကို ကျစ်ဆံမြီးကျစ်တာက ဆံပင်ကို နာစေတယ် ၊ ပုံပျက်စေတယ်လို့ထင်တတ်ကြပါတယ်။ တကယ်တော့ ကျစ်ဆံမြီးကျစ်တာက ဖက်ရှင်ကျနေရုံသာမကဘဲဆံပင်ရဲ့ကျန်းမာရေးအတွက်လည်း အများကြီးကောင်းပါတယ်။

ဆံပင်အမြဲကျစ်တာက ဆံပင်ကိုကျန်းမာသန်စွမ်းစေတာမလို့ ဆံပင်တွေကျိုးကြေတာ ၊ ပျက်စီးတာကနေ ကာကွယ်ပေးတာမလို့ ဆံပင်ပျက်စီးမှာကို စိတ်ပူစရာမလိုတော့ပါဘူး။

အိပ်ရာမဝင်ခင် ဆံပင်ကို ကျစ်ထားပေးရင် နိုးလာတဲ့အခါ ဆံပင်တွေရှုပ်ပြီး ညိတာမျိုးကနေ ကာကွယ်ပေးပါတယ်။

ဆံပင်ကိုဆီလိမ်းပြီးကျစ်ထားတာက ဆံသားထဲ အစိုဓာတ်ကိုပိုရောက်စေတာမလို့ ဆံကေသာကို အာဟာရဖြစ်စေနိုင်ပါတယ်။

အပြင်မထွက်ခင် ဆံပင်ကို ကျစ်ထားပေးရင် ဆံပင်ကို နေရောင်ခြည်ဒဏ်နဲ့ လေထုညစ်ညမ်းမှုတို့ကနေ ကောင်းကောင်း ကာကွယ်ပေးနိုင်ပါတယ်။