ဆံပင်ရေစိုစိုနဲ့ အိပ်ရာဝင်ခြင်းရဲ့ နောက်ကွယ်မှာ ဆိုးကျိုးတွေအများကြီးရှိနေပါတယ်။ အကယ်၍ သင်ဟာ ညဘက် ရေချိုးပြီးမှ အိပ်တတ်တဲ့ အလေ့အကျင့်ရှိတယ်ဆိုရင်တော့ ဆိုးကျိုးတွေ အများကြီးရှိနေတာကြောင့် ဆံပင်ကို ခြောက်သွေ့အောင် လုပ်ပြီးမှ အိပ်ဖို့အကြံပေးပါရစေ။ ဒီနေ့ ဆံပင်ရေစိုနဲ့ အိပ်ခြင်းရဲ့ ဆိုးကျိုးတွေအကြောင်း ပြေပြပေးသွားမှာပါ။

ဦးရေခွံယားယံစေနိုင်တယ်

ဦးရေခွံယားယံခြင်းက အိပ်ခြင်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။ လူတော်တော်များများကတော့ ခေါင်းလျှော်ရည်မကောင်းလို့ ဦးရေခွံ ယားယံတာလို့ အပြစ်တင်ကြတယ်။ ဒါပေမယ့် ဒီလိုအဆင်မပြေဖြစ်ရခြင်းက ဆံပင်ရေစိုနဲ့ အိပ်တာကြောင့်ဆိုတာကို လူတွေသတိမထားမိကြပါဘူး။ ဦးရေခွံ ရောဂါတော်တော်များများဟာ ဆံပင်ရေစိုနဲ့ အိပ်ယာဝင်ခြင်း၊ ခေါင်းအုံးများစိုထိုင်းနေခြင်း စတာတွေကြောင့် ဖြစ်တာများပါတယ်။

ခေါင်းကိုက်စေတယ်

အကယ်၍ ဆံပင်ခြောက်အောင်မသုတ်ဘဲ အိပ်ယာဝင်ပါက မနက်နိုးလာတဲ့အခါမှာ ခေါင်းကိုက်ဝေဒနာကို ခံစားရနိုင်ပါတယ်။ ကျွမ်းကျင်သူတွေကတော့ ဆံပင်ရေစိုနဲ့အိပ်ခြင်းက ခန္ဓာကိုယ်အပူချိန်လျှော့ကျစေတာကြောင့် အပူချိန်ထိန်းပေးဖို့အတွက် ခန္ဓာကိုယ်က အပူထုတ်ရတာကြောင့် ခေါင်းကိုက်ခြင်းကို ဖြစ်စေတာလို့ ပြောထားပါတယ်။

အအေးမိစေနိုင်တယ်

ပထမဆုံးအနေနဲ့ကတော့ ဆံပင်ရေစိုစိုကြီးနဲ့ အိပ်ပြီး မနက် ထလာတဲ့အခါကျရင် လူကို နေမကောင်းဖြစ်စေနိုင်ပါတယ်။ အိပ်တဲ့အခါကျရင် သင့်ခန္ဓာကိုယ်အပူချိန်က ကျသွားတာကြောင့် စိုနေတဲ့ဆံပင်က ခန္ဓာကိုယ်အပူချိန်ကို ပိုလို့တောင် ကျသွားစေနိုင်ပါတယ်။ ဒါကြောင့် မနက်ထလာရင် နာစေးတာတို့ လည်ချောင်းနာတာတို့ကို ဖြစ်စေနိုင်ပါတယ်။

ဆံပင်ကျွတ်စေနိုင်တယ်

သင်အိပ်နေချိန် သင့်ဆံပင်က စိုစွပ်နေရင် ဦးခေါင်းခွံလည်း စိုစွတ်လာမှာဖြစ်ပြီး ဆိုးကျိုးအနေနဲ့ သင်တို့ရဲ့ ဆံပင်မွေးညှင်းပေါက်တွေကလည်း ရောင်ရမ်းလာမှာပဲဖြစ်ပါတယ်။ ဒါကြောင့် ဆံပင်ကျွတ်တာတွေ အရေပြားနီတာတွေ ယားယံတာတွေကို ဖြစ်လာစေနိုင်ပါတယ်။

ဗောက်ထလာစေပါတယ်

ပရိသတ်တို့အနေနဲ့ ခေါင်းလျှော်ရည်အကောင်းစားတွေသုံးပြီးတော့ ခေါင်းလျှော်ပေမယ့်လည်း ခေါင်းက ဗောက်တွေက ပျောက်မသွားတဲ့အခါမျိုးရှိဖူးကြမှာပဲ။ တကယ်တော့ ဆံပင်စိုစိုကြီးနဲ့ အိပ်လိုက်လို့ ဖြစ်ရတာဆိုတာကိုကြောင့်ဆိုတာကော သိကြရဲ့လား။ ဒါကလည်း အပေါ်ကပြောခဲ့သလို စိုစွတ်ပြီး ပူနွေးတဲ့ ပတ်ဝန်းကျင်မျိုးမှာ ဘတ်တီးရီးယားတွေကို ပေါက်ဖွားဖို့ အခွင့်အရေးပေးသလို ဖြစ်နေပါတယ်။

Source: Bright Side