မိန်းကလေးတော်တော်များများက Full Makeup လိမ်းလေ့ရှိကြပေမယ့် အပြင်သွားတိုင်း မဖြစ်မနေလိမ်းဖို့ လိုအပ်တာတော့ မဟုတ်ပါဘူး။ တကယ်တော့ မိတ်ကပ်မလိမ်းဘဲနေတာက လွတ်လပ်မှုရှိသလို အသားအရေအတွက်လည်း ကောင်းကျိုးပိုများပါတယ်။

အသားအရေ

အသားအရေကို သဘာဝအတိုင်းထားလိုက်တဲ့အခါ အရေပြားဆဲလ်တွေကို လွတ်လွတ်လပ်လပ် အသက်ရှုဖို့နဲ့ အသစ်ပြန်ဖြစ်ဖို့ အချိန်ပိုရပါတယ်။ အချိန်ကြာလာတာနဲ့အမျှ အသားအရေဟာ ကျန်းမာပြီး အရင်ကထက် ပိုပြီး တောက်ပလာပါလိမ့်မယ်။

ငွေကြေး

မိန်းကလေးတွေရဲ့ ဝင်ငွေ ၃ ပုံ ၁ပုံက အလှကုန်ပစ္စည်းတွေအတွက်နဲ့ အကုန်ကျများနေတာပါ။ မိတ်ကပ်မလိမ်းတော့ဘူးဆိုရင်တော့ သင့်ပိုက်ဆံအိတ်က အရင်ကထက် အကုန်ကျနည်းသွားမှာပါ။

အချိန်

မနက်တိုင်း မိတ်ကပ်လိမ်းဖို့ မိနစ် 20 နဲ့အထက် အချိန်ပေးရပြီး တချို့ဆို ဒီထက်အချိန်ပိုကြာပါတယ်။ မိတ်ကပ်မလိမ်းတော့ဘူးဆိုရင်‌တော့ သင်အိပ်ဖို့ အချိန်ပိုရပါတယ်။

ပတ်ဝန်းကျင်

မိတ်ကပ်အများစုက ပလပ်စတစ်ဘူးတွေနဲ့ ထုတ်ပိုးထားတာပါ။ ဝယ်တဲ့ မိတ်ကပ်ပမာဏ အများအပြားကို ပြန်စဉ်းစားကြည့်လိုက်ပါ။ ဒီထုတ်ကုန်တွေကို မသုံးဘဲရပ်လိုက်တာက ပတ်ဝန်းကျင်အတွက်လည်း အကျိုးရှိပါတယ်။

တိရစ္ဆာန်

မိတ်ကပ်အများစုက စမ်းသပ်ဖို့အတွက် တိရစ္ဆာန်လေးတွေကို အသုံးပြုလေ့ရှိပါတယ်။ ဒါကြောင့် မိတ်ကပ်မလိမ်းတာက သိပ်သတိမထားမိနိုင်ပေမယ့် တိရစ္ဆာန်တွေကို ကာကွယ်ဖို့ အလွယ်ဆုံးနည်းလမ်းလည်း ဖြစ်ပါတယ်။