လက်သည်းလေးတွေကို ကိုယ်တိုင်ပုံဖော်ရတာ ဝါသနာပါတဲ့ပျိုမေတို့အတွက် အိမ်မှာနေရင်းနဲ့ အပျင်းပြေလုပ်လို့ရအောင် ကိုယ်တိုင်လွယ်လွယ်ကူကူ ပုံဖော်လို့ရမယ့် ပန်းပွင်းပုံ လက်သည်းဒီဇိုင်းတွေကို မျှဝေပေးလိုက်ပါတယ်။

ဒီပန်းပွင့်ပုံလက်သည်းဒီဇိုင်းလေးဆိုရင် ပန်းပွင့်က အပြည့်မဟုတ်တော့ လက်ငြိမ်တယ်ဆိုရင် လွယ်လွယ်လေးနဲ့ ပုံဖော်လို့ရပါတယ်။ ရိုးရိုးရှင်းရှင်းလေးနဲ့ ချစ်စရာကောင်းတာမို့ Try ကြည့်သင့်ပါတယ်နော်။

ဒီလက်သည်းဒီဇိုင်းလေးကျတော့ ပန်းပွင့်ပုံရအောင် ဆွဲနေစရာမလိုပါဘူး။ အစက်လေးတွေချပြီး သွားကြားထိုးတံလေးနဲ့ ဆွဲလိုက်ရင် ဒီလိုပန်းပွင့်ပုံလေးရသွားမှာပါ။ ပုံဖော်ရတာအရမ်းလွယ်တဲ့ လက်သည်းဒီဇိုင်းလေးပါ။

ဒီပန်းပွင့်ဒီဇိုင်းလေးကလည်း အပေါ်ကပန်းပွင့်ဒီဇိုင်းနဲ့ တူတူပါပဲ။ သူက အရောင်အနုလေးကိုသုံးပြီး လက်သည်းထိပ်မှာ ပုံဖော်ထားတာဆိုတော့ ပိုပြီးချစ်စရာကောင်းတာပေါ့။

လက်ငြိမ်တဲ့သူတွေနဲ့ ပန်းချီနည်းနည်းဆွဲတတ်တဲ့သူတွေဆိုရင် ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ရတာ လွယ်မှာပါ။ သူကတော့ ပန်းပွင့်ကကြီးပြီး အပြည့်ဖြစ်တာကြောင့် အပေါ်ကဒီဇိုင်းလေးတွေထက်စာရင် နည်းနည်းတော့ ခက်တာပေါ့။ ဒါပေမယ့်လည်း ပုံဖော်ထားရင် တော်တော်လှတဲ့ လက်သည်းဒီဇိုင်းလေးပါ။

လက်သည်းအကြည်လေးဆိုးပြီး လက်သည်းထိပ်ကို အရောင်လေးဆိုး၊ ပန်းပွင့်ကိုတော့ အစက်လေးချပြီး ပုံဖော်လိုက်ရုံပါပဲ။ ဒီပန်းပွင့်ဒီဇိုင်းလေးကလည်း ပုံဖော်ရတာ အရမ်းလွယ်ပါတယ်။

အဝါရောင်နဲ့ အနက်ရောင်ကို စပ်ဆိုးမယ်ဆိုရင်တော့ ပန်းပွင့်ကို ပထမဆုံးဒီဇိုင်းလိုလေးပဲ ပုံဖော်ပါ။ အမြင်ရှင်းပြီး ပိုလှပါတယ်။

Photo Source: www.pinterest.com