အားလုံးပဲမင်္ဂလာပါနော်။ ချစ်သူနှစ်ဦးဆက်ဆံရေးမှာ တစ်ယောက်နဲ့တစ်ယောက် စကားပြောဆို ဆက်သွယ်မှုကလည်း သိပ်ကိုအရေးပါလှပါတယ်နော်။ ဒါပေမယ့် လူတစ်ကိုယ် စိတ်တစ်မျိုးမို့ တခါတလေ သူ့အပေါ် စိတ်တိုင်းမကျတာလေးလည်းရှိမှာပါ။ ဒါပေမယ့် သင့်ချစ်သူကို အမြဲတမ်း စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ စကားတွေပြောမယ်ဆိုရင်တော့ သင်တို့နှစ်ယောက်ဆက်ဆံရေး အဆင်ပြေမှာမဟုတ်ပါဘူးနော်။

ဒါ့ကြောင့် သင့်ချစ်သူကောင်လေးကို စိတ်အနှောင့်အယှက်မဖြစ်စေဖို့ ဒီစကားလုံးလေးတွေကို အတတ်နိုင်ဆုံး သတိထားရှောင်ရှားဖို့ လိုမယ်နော်။

၁။ ငါဝနေလား

အမြဲတမ်း ဝနေလား၊ တစ်ခုခုစားပြီးတိုင်း ဝလာပြီထင်တယ်။ အဆီလေး တက်လာသလိုပဲ စသဖြင့် ပြောတာဟာ သင့်ချစ်သူကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်နော်။

၂။ သူမမှတ်မိနိုင်တဲ့အရာကိုပြောခြင်း

မိန်းကလေးတွေက မှတ်ဉာဏ်ကောင်းကြပါတယ်။ ဒါပေမယ့် သုတေသနပြုချက်အရ ယောင်္ကျားလေးတွေက မိန်းကလေးတွေထက် မှတ်မိနိုင်မှုအားနည်းတယ်လို့ဆိုပါတယ်။ ဒီနေ့ကဘာနေ့၊ သူကိုယ့်ကို လက်ဆောင်ပေးခဲ့တာ ဘယ်နေ့ စသဖြင့်ကိုယ်က မှန်ထားနိုင်ပေမယ့် ကိုယ့်ချစ်သူ အမျိုးသားကတော့ အသေးစိတ်ကအစ မှတ်မိမှာမဟုတ်ပါဘူး။

၃။ သင့်ချစ်သူကြိုက်တဲ့အရာကို ဝေဖန်ခြင်း

ဂိမ်းဆော့တာကြိုက်တဲ့ သင့်ချစ်သူကို ဂိမ်းမကောင်းကြောင်း အနုတ်သဘောဆောင်တဲ့ ပြုမူ ဝေဖန်မှုကိုပဲ လုပ်မယ်ဆိုရင်တော့ သူ့ကို အနှောင့်အယှက်ဖြစ်စေမှာမလွဲပါပဲ။

၄။ ငါ့ကိုစိတ်ဆိုးနေတာလား

သူ့ဆီကို Message ၂ မိနစ်အကြာမှပြန်ရင် ဘယ်သွားနေတာလဲ၊ ဘာလုပ်နေတာလဲ။ ငါ့ကိုစိတ်ဆိုးနေတာလား စတဲ့မေးခွန်းမျိုးဟာ သူ့ကိုစိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။

၅။ ရှင့်သဘောပဲ

ရတယ်လေ။ ရှင့်သဘောပဲ့ဆိုတာမျိုး မပြောမိအောင် အတတ်နိုင်ဆုံးကြိုးစားပါ။

၆။ ရပါတယ်

ရတယ်။ ဘာမှမဖြစ်ဘူးဆိုတဲ့ စကားက သင့်ချစ်သူကို စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ သင့်ရင်ထဲက စစ်မှန်တဲ့ စကားကို မကြားရလို့ သူ့ကို စိတ်ရှုပ်ထွေးစေမှာဖြစ်ပါတယ်။

၇။ ရှင်ဘာလို့ ကျွန်မပြောတာ အမြဲနားမထောင်တာလဲ

ရှင်ဘာလို့ ကျွန်မပြောတာ အမြဲတမ်းနားမထောင်တာလဲ၊ ဘာလို့ဂရုမစိုက်တာလဲလို့ အပြစ်တင်ပြီးမှ ဆောရီးလို့ ပြောဆာဟာ အဆင်ပြေမှာမဟုတ်ပါဘူး။

၈။ တခြားသူတွေအပေါ်ဝေဖန်ခြင်း

သူက ဘယ်လိုမကောင်းတာ၊ သူ့ဖက်ရှင်က ဘယ်လို စသဖြင့် တခြားသူတွေအပေါ် ဝေဖန်တဲ့စကားကလည်း သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။

၉။ သူမသိတဲ့သူတစ်ယောက်အကြောင်းပြောခြင်း

သင်မသိတဲ့ အလုပ်ကလူအကြောင်းပဲဖြစ်ဖြစ်၊ တခြားသူအကြောင်းပဲဖြစ်ဖြစ် သူ့ကိုပြောပြနေတာဟာ ဘယ်လိုမှမဆင်ပြေမှာမဟုတ်ပါဘူး။ သင့်ချစ်သူမှ မဟုတ်ပါဘူး။ တခြားသူတွေလည်း အဆင်ပြေမှာမဟုတ်ပါဘူးနော်။

Photo Source: Pinterest