အလွယ်တကူ စိတ်ရှုပ်တတ်တယ်ဆိုတာ သင့်စိတ်ကသိပ်မကောင်းတဲ့ခံစားချက်မှာရှိနေပြီး ဘာကြောင့်မှန်းမသိတာကြောင့်ဖြစ်ပါတယ်။ ကိုယ့်မျက်နှာမှုန်တေတေဖြစ်တာကို ကိုယ်ဘာကိုမကျေနပ်ဖြစ်ပြီး ထပ်စိတ်ရှုပ်ရနဲ့ သံသရာလည်နေတတ်ပါတယ်။

သင်လည်း ဒီလိုလူတွေထဲက တစ်ယောက်ဆိုရင် အောက်ကအချက်လေးတွေကို ဖတ်ကြည့်လိုက်ပါဦး။

(၁) စိတ်ရှုပ်နေတယ်ဆိုတာကို ကိုယ့်ကိုယ်ကို အသိအမှတ်ပြုပါ

ဒါနဲ့ပတ်သတ်လို့ ပထမဆုံးအမှားက ကိုယ့်ကိုယ်ကို မျက်နှာသုန်မှုန်နေတယ်၊ စိတ်ရှုပ်နေတယ်ဆိုတာကို ဟန်ဆောင်ဖုံးကွယ်ပြီး ငြင်းလိုက်တာပဲဖြစ်ပါတယ်။ သင်သတိမထားမိတဲ့ဘယ်အရာကိုမှ ပိုကောင်းလာအောင်လုပ်လို့ရမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ပထမဆုံးအနေနဲ့ သင်စိတ်ရှုပ်လာတဲ့အခါ သင့်အနေနဲ့ အဲ့ဒါကိုအသိအမှတ်ပြုရမှာဖြစ်ပါတယ်။

(၂) ဘာကြောင့်စိတ်ရှုပ်တယ်ဆိုတဲ့ အကြောင်းအရင်းကို စူးစမ်းပါ

သင့်အနေနဲ့ စိတ်ရှုပ်ရတဲ့အကြောင်းအရင်းကို ရှာတဲ့အခါ စိတ်ရှည်ဖို့လိုပါတယ်။ အစပိုင်းမှာ ပိုစိတ်ရှုပ်ထွေးတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဒါကနောက်ပိုင်းမှာ သင့်ကိုပိုအဆင်ပြေစေတဲ့ နည်းလမ်းတစ်ခုနဲ့ မရှိမဖြစ်စွမ်းရည်တခုဖြစ်လာစေပါလိမ့်မယ်။ သင့်အတွေးတွေကို ဝေဖန်ကဲ့ရဲ့သုံးသပ်တာမျိုး မလုပ်ဘဲ အရှိအတိုင်းပဲတွေးဖို့ကြိုးစားပါ။

(၃) ရှောင်မပြေးပါနဲ့

အလွယ်တကူစိတ်ရှုပ်တတ်တဲ့ လူအများစုက သူတို့စိတ်ရှုပ်ရတဲ့အကြောင်းအရင်းကို စိတ်ပျက်ရင်ပျက်၊ မပျက်ရင် ရှောင်ပြေးတတ်ကြပါတယ်။ ပိုကောင်းတဲ့နည်းလမ်းက သင့်ရဲ့စိတ်ရှုပ်မှုကိုလိုလိုလားလား လက်ခံပေးဖို့ပါ။

ဆိုလိုတာက သင့်ကိုယ်သင်စိတ်ရှုပ်နေတာကို အသိအမှတ်ပြုလိုက်ပြီး လုပ်စရာရှိတာကိုတော့ အေးအေးဆေးဆေးပဲ ဆက်လုပ်သွားမယ်လို့ ကိုယ့်ကိုယ်ကို အသိပေးလိုက်ဖို့ပါ။

(၄) ကြိုဆိုလက်ခံပါ

သင့်အနေနဲ့ စိတ်ရှုပ်တာကို ကြိုဆိုလက်ခံလိုက်တဲ့အခါ ဦးနှောက်ကိုမကောင်းတဲ့ ခြိမ်းခြောက်မှုမဟုတ်တဲ့အကြောင်း သတင်းပို့လိုက်တာဖြစ်ပြီး နောက်ထပ်စိတ်ရှုပ်စရာ တွေထပ်မတွေးမိအောင် လေ့ကျင့်ပေးတာပဲဖြစ်ပါတယ်။ ဒါဆို အလွယ်တကူ စိတ်ရှုပ်ထွေးတတ်ခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေကိုပါ ဖြေရှင်းပြီးသားဖြစ်သွားတာကို အံ့သြလောက်အောင်တွေ့ရပါလိမ့်မယ်။