ဖက်ရှင်ကျကျလေးတွေဝတ်ရတာ ကြိုက်တဲ့ပျိုမေတို့အတွက် မိုးရွာတာနဲ့ ရှိုးထုတ်လို့ရမယ့် ဖက်ရှင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ တစ်ခါတစ်လေ အပြင်သွားရင် ဘာဝတ်ရမလဲစဉ်းစားရတာလည်း အလုပ်တစ်လုပ်ပဲလေ။ ဒါကြောင့် စဉ်းစားနေစရာမလိုအောင် ဘယ်လိုလေးတွေတွဲဝတ်ရမလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။

မိုးရာသီအစဆို သိပ်မအေးတော့ ပေါ့ပေါ့ပါးပါးဖြစ်အောင် Crop Top လေးတွေကို ဒီလိုဘောင်းဘီနဲ့ တွဲဝတ်တာမျိုးက ပေါ့ပါးမှုရှိပြီး ဖက်ရှင်လည်းကျစေပါတယ်။

အောက်ကအင်္ကျီလေးတေါ မိုးမစိုအောင် တီရှပ်နဲ့ ဂျင်းဘောင်းဘီအတိုနဲ့ တွဲဝတ်ပြီး အပေါ်ကနေမှ ဂျာကင်လေးတွေ ထပ်ဝတ်ရင်လည်း ဖက်ရှင်ကျပြီး လိုက်ဖက်နေမှာပါ။

ရိုးရိုးတီရှပ်အပွလေးတွေနဲ့ ဂျင်းဘောင်းဘီနဲ့ တွဲဝတ်လို့လည်း ရတာပါပဲ။

စကပ်အတိုလေးတွေကိုလည်း လက်ရှည်အင်္ကျီအမျိုးမျိုးနဲ့ တွဲဝတ်လို့ရပါသေးတယ်နော်။

အင်္ကျီနဲ့စကပ်လေးတွဲဝတ်ပြီး အပေါ်ထပ်လှလှလေးတွေ ထပ်ဝတ်တာမျိုးကလည်း မိုးတွင်းနဲ့ ဆောင်းတွင်းမှာ ရှိုးထုတ်လို့အကောင်းဆုံး မိန်းကလေးဆန်တဲ့ဖက်ရှင်လေးပါပဲ။

တီရှပ်နဲ့ဘောင်းဘီတို၊ ဘောင်းဘီရှည်ဝတ်ပြီး ပေါ်ကနေ ရှပ်အင်္ကျီလေးတွေ ထပ်ဝတ်တာမျိုးလည်း ရပါသေးတယ်။

ရိုးရိုးဂျင်းဘောင်းဘီအရှည်လေးတွေကိုလည်း အင်္ကျီလက်ရှည်လေးတွေနဲ့ တွဲဝတ်လို့ရပါတယ်။ အရမ်းမအေးတဲ့အတွက် Hoodie လောက်တော့ မလိုသေးပါဘူး။

Photo Source: www.pinterest.com