မိုးတွင်းရောက်လာပြီဆို မိန်းကလေးတွေတော်တော်များများက ဖက်ရှင်အ၀တ်အစားတွေနဲ့ပတ်သက်ပြီး ခေါင်းရှုပ်တတ်ကြပါတယ်။ ထူထူထဲထဲဖြစ်တဲ့အ၀တ်အစားတွေကလည်း အပြင်ထွက်ပြီးမိုးရေစိုမိရင်လည်း မခြောက်မှာစိုးရိမ်စိတ်တွေ၊ ကိုယ်ကျန်းမာရေးအတွက်ရောရွေးချယ်ပြီး၀တ်ဆင်လေ့ရှိပါတယ်။ကဲ့ဒီလိုဆိုရင် ဘယ်လိုဖက်ရှင်တွေက သက်တောင့်သက်သာဖြစ်စေပြီးဖက်ရှင်ကျစေမလဲဆိုတာလေ့လာလိုက်ရအောင်နော်။ ချည်သား Short Dress လေးတွေက ပေါ့ပေါ့ပါးပါးနဲ့ချစ်စရာကောင်းတဲ့ ကောင်မလေးအသွင်ဖြစ်စေပါတယ်။

Short Dress လေးတွေကို Leather Jacket လေးတွေနဲ့တွဲ၀တ်လိုက်ရင်လည်းအထာကျသွားမှာအမှန်ပါ။ဖိနပ်ကိုလည်း Long Boot လေးနဲ့တွဲဖက်ပြီး၀တ်သင့်ပါတယ်။

ဆွယ်တာအပါးလေးတွေနဲ့ Skirt အရှည်လေးတွေကိုတွဲဖက်၀တ်ဆင်တာကလည်းအမြင်လည်းမရိုင်းသလို၊ ရိုးရိုးရှင်းရှင်းလေးနဲ့လှနေမှာပါ။ဒီဖက်ရှင်လေးက ရုံးတက်ရုံးဆင်းလုပ်ဖို့လည် းသင့်တော်တဲ့ မိုးတွင်းဖက်ရှင်လေးဆိုလည်းမမှားပါဘူးနော်။

လူငယ်ဆန်ပြီး သူငယ်ချင်းတွေနဲ့ အပြင်သွားတာပဲဖြစ်ဖြစ်၊ ဟိုနားဒီနားသွားတာမျိုးဆိုရင်လူငယ်တွေ၀တ်လေ့၀တ်ထရှိတဲ့ Hoodie, Pull-Over တို့ကို အောက်ကနေ 90s စကတ်လေးတွေနဲ့တွဲ၀တ်ရင်လည်း Retro လည်းဆန်ပြီးချစ်စရာကောင်းနေမှာပါ။

နောက်တစ်ခုက မိုးရာသီမှာဖိနပ်တွေေရွေးချယ်တဲ့အခါမမှားစေဖိုအတွက်ဆို Jelly လိုအသားမျိုးနဲ့လုပ်ထားတဲ့ဖိနပ်အမျိုးအစားတွေအပြင် Gumboots လိုဖိနပ်မျိုးကိုလည်းစီးသင့်ပါတယ်။

Photo Source – Pinterest