မိုးရာသီရောက်ရင် မိန်းကလေးတော်တော်များများက Skin Care Step တွေလုပ်ရမှာပျင်းသွားတတ်ပါတယ်။ မိုးရာသီမှာဆို Skin Care Step တွေအများကြီးတော့လုပ်စရာ မလိုပါဘူး။ Step နည်းနည်းနဲ့  ထိထိရောက်ရောက်ဖြစ်ဖို့လိုအပ်ပါတယ်။ Skin Care လုပ်ရမှာပျင်းနေရင်တော့ မလှပဲနေမှာနော်။ ကိုယ့်ရဲ့ Skin Care ကိုပုံမှန်လုပ်ပေးနေရင် အသက်ရွယ်တစ်ခုရောက်လာရင်တော့ ပုံမှန်နဲ့မတူတဲ့ အသားအရေကို ပိုင်ဆိုင်စေမှာပါနော်။

Cleanser

Cleanser ကိုတော့ဘယ်ရာသီဥတုမျိုးမှာမဆို နေ့စဥ်သုံးပေးဖို့လိုအပ်ပါတယ်။ Cleanser ကတစ်နေ့တာလုံး ကိုယ့်မျက်နှာပေါ်က အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ပါတယ်။

Toner 

Toner ကိုတော့ ဆား၀က်ခြံရှိတဲ့ သူတွေအနေနဲ့ မဖြစ်မနေသုံးသင့်တဲ့ Skin Care Step ဖြစ်ပါတယ်။Toner ရွေးချယ်တဲ့အခါမှာလည်း သေချာလေးရွေးစေချင်ပါတယ်။ တွေ့ကရာ Toner မျိုးကိုအသုံးပြုတာထက် ကိုယ့်Skin Type ကဘာမျိုးလဲဆိုတာ သေချာသိဖို့လိုအပ်ပါတယ်။

Moisturizer


အသားအရေကို အစိုဓာတ်ရအောင်သုံးပေးသင့်သလို၊ အရေးကြောင်းဖြစ်တာတွေ၊ အသားခြောက်တာတွေကိုလည်း ကာကွယ်ပေးလို့သုံးပေးသင့်ပါတယ်။ Moisturizer မှာပါဝင်တဲ့ ကောင်းကျိုးတွေက အသားအရေကိုတင်းရင်းစေတဲ့အတွက် အပြင်မသွားခင်တိုင်းမှာလည်းလိမ်းပေးသင့်ပါတယ်။

Photo Source – beauty.com