ဆံသားပျက်စီးလို့ စိတ်ညစ်နေတဲ့သူတွေနဲ့ Healthy Hair လေးတွေကို ပိုင်ဆိုင်ချင်တဲ့သူတွေအတွက် ကျန်းမာပြီးတောက်ပြောင်တဲ့ ဆံကေသာကို အမြန်ဆုံးရရှိစေမယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။

ထောပတ်သီး

ထောပတ်သီးအမှည့် ၁ လုံးကို သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပျားရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ကြက်ဥ ၁ လုံးနဲ့ ရောမွှေပြီး ဆံပင်အရင်းကနေ အဖျားအထိ လိမ်းပေးပါ။ မိနစ် ၂၀ ထားပြီးမှ ရေကြက်သီးနွေးနဲ့ ခေါင်းလျှော်ချလိုက်ပါ။

ဒီနည်းလမ်းကတော့ ဆံသားအတွက်လိုအပ်တဲ့ အာဟာရဓာတ်ကို ဖြည့်ပေးပြီး ဆံကေသာ တောက်ပြောင်စေတယ်၊ ဆံသားကျန်းမာစေပါတယ်။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ် အကြီး ၁ ခုကို သေးသေးလေးတွေဖြစ်အောင် လှီးပြီး almond oil လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ရောခလောက်ပါ။ ပြီးရင်တော့ ဆံသားမှာလိမ်းပြီး မိနစ် ၂၀ ထားပါ။ အချိန်ပြည့်ရင် ရေကြက်သီးနွေးနဲ့ ခေါင်းလျှော်ပေးပါ။

ဒီနည်းလမ်းကျတော့ ဆံသားချောမွေ့စေပြီး သန်စွမ်းကျန်းမာစေတယ်၊ ဆံပင်အုံထူလာစေပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီး အကြီး ၁ လုံးကို ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ရောချေပြီးမွှေပါ။ ပြီးရင် ဆံသားအနှံ့လိမ်းပေးပြီး မိနစ် ၂၀ ထားပါ။ အချိန်ပြည့်ရင် ရေကြက်သီးနွေးနဲ့ ခေါင်းလျှော်ချပါ။

ဒီနည်းလမ်းကတော့ ဆံကေသာတောက်ပြောင်စေပြီး ဗောက်ပျောက်စေပါတယ်။

Aspirin

ကိုယ်လျှော်မယ့် ခေါင်းလျှော်ရည် ပမာဏကို ခွက်တစ်ခုထဲထည့်၊ ပြီးရင် Aspirin ဆေး ၄ လုံးကို ကြိတ်ပြီး ရောမွှေလိုက်ပါ။ ပြီးရင်တော့ လျှော်နေကျအတိုင်း ခေါင်းလျှော်ပြီး ဦးရေပြားကို လက်ချောင်းတွေနဲ့ သေချာနှိပ်နယ်ပေးပါ။ ပြီးမှ ရေပြန်ဆေးချပါ။

ဒီနည်းလမ်းကတော့ ဆံကေသာတောက်ပြောင်စေပြီး ဆံသားသန်စွမ်း ကျန်းမာစေပါတယ်။

မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၃ ဇွန်းနဲ့ ရေ စားပွဲတင်ဇွန်း ၉ ဇွန်းကို ရောမွှေပါ။ ပြီးရင် ခေါင်းလျှော်ချလိုက်ပါ။ ၃ မိနစ်လောက်ထားပြီးမှ ရေပြန်ဆေးချပါ။ ပြီးရင် Mild ဖြစ်တဲ့ ခေါင်းလျှော်ရည်နဲ့ ပြန်လျှော်ပါ။

ဒီနည်းလမ်းကို တစ်ပတ်တစ်ခါ ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ တစ်ပတ်အတွင်းမှာပဲ ဆံပင်သန်စွမ်းပြီး အရှည်မြန်လာတာ၊ ဆံပင်ပေါက်လာတာကို တွေ့ရမှာပါ။