ဒီနေ့မှာတော့ MyStyle Myanmarက အသားညိုတဲ့ပျိုမေလေးတွေအတွက် အသားအရေကြည်တောက်စိုပြေစေဖို့အတွက် ဒီအကြောင်းအရာလေးကို မျှဝေပေးလိုက်ပါတယ်နော်။ အသားဖြူမှ လှတာမဟုတ်ပါဘူး။ အဓိကကတော့ အသားဖြူဖြူ၊ ညိုညို အသားအရေက စိုပြည်ပြီး ကြည်နေရင် လှတာပါပဲ။ အသားဖြူပြီး အသားအရေက မွဲခြောက်နေရင်လည်း မလှပါဘူးနော်။

ကဲ…ဒါကြောင့် အသားညိုလို့ မဲလို့ဆိုပြီး စိတ်မညစ်ပါနဲ့။ ဘယ်လောက်ပဲအသားညိုညို အသားအရေလေး ကြည်တောက်ပြီးစိုပြေပြီး လှပနေချင်ရင်တော့ ဒီTipsတွေကိုသာ အမြဲလုပ်ပေးဖို့ မမေ့နဲ့နော်။ လွယ်ကူရိုးရှင်းတဲ့အရာလေးတွေဖြစ်တဲ့အတွက် ပျိုမေလေးတွေ လိုက်လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။

တစ်ပတ်တစ်ခါ Scrub လုပ်ပါ

တစ်ပတ်တစ်ခါ Body Scrub လုပ်ပေးရင် ဆဲလ်သေတွေကွာကျသွားတဲ့အတွက် အသားကြည်ပြီး အရင်ထက် အသားအရေ ပိုကောင်းလာပါလိမ့်မယ်။

Lotion အမြဲလိမ်းပါ

ဘယ်လောက်ပူပူ Lotion လိမ်းပါ။ အသားဖြူ Lotion တွေလိမ်းမယ့်မစား အစိုဓာတ်၊ ရေဓာတ် ကောင်းကောင်းပေးနိုင်တဲ့ Lotion ကိုသာ နေ့ရော၊ ညပါ နေ့တိုင်း လိမ်းပေးပါ။ အသားအရေလေး စိုပြည်လာပါလိမ့်မယ်။

Sunscreen လိမ်းဖို့မမေ့ပါနဲ့

နေပူပူ၊ မိုးရွာရွာ ညဘက်ကလွဲလို့ ကျန်တဲ့အချိန်တွေမှာ Sunscreen လိမ်းပါ။ လက်တွေ၊ ခြေထောက်တွေ၊ ဂုတ်၊ လည်ပင်း စတဲ့ နေရောင်ခြည်ထိတဲ့နေရာတွေကို Sunscreen အမြဲလိမ်းပါ။

အသီးအနှံ၊ အသီးအရွက် များများစားပါ

အသီးအရွက်တွေ၊ အသီးအနှံတွေကို များများစားပေးရင် အသားအရေလှပါတယ်။ ဖြူတဲ့သူဆိုလည်း အသားအရေလှတယ်။ ညိုတဲ့သူ၊ မဲတဲ့သူဆိုလည်း အသားအရေက စိုပြည်ပြီး ကြည်နေမှာဖြစ်တဲ့အတွက် ပုံမှန်ထက်ကို ပိုလှနေမှာပါ။

ရေများများသောက်ပါ

ရေသောက်နည်းရင် ဘယ်လောက်လုပ်လုပ် အသားအရေက မွဲခြောက်ပြီး ညစ်ညစ်ကြီးဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် ရေများများသောက်ပါ။ ပုံမှန်ထက်ကိုပိုပြီး ရေများများသောက်ရင် အသားအရေကြည်ပြီး စိုပြည်လာမယ်။ လှလာပါလိမ့်မယ်။